16 ပတ် - ဘာသာပြန်ပါ။

“ ကျွန်တော် အစ်မကို
ဘာကြိုးနဲ့မှ မချည်နှောင်ချင်ပါဘူး အစ်မရယ်
အစ်မ မှောင်မိုက်နေတဲ့အချိန် အလင်းပေးချင်ရုံ
အစ်မ လမ်းပျောက်နေတဲ့အချိန် လမ်းပြပေးချင်ရုံပါ ”
'' ဒီပွဲမှာ ကျွန်မက မတရားတဲ့သူပါ ။
အနိုင်ရသူတစ်ဦး နဂိုကတည်းက ရှိပါလျက်နဲ့
နောက်တစ်ယောက်ကို ထပ်ပြိုင်ခိုင်းတာမျိုးပေါ့ ။
ကျွန်မကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်တဲ့အချိန်
ရောက်မလာပါစေနဲ့လို့ ဆုတောင်းရတော့မှာ ''
ဘ၀မှာ ရုန်းထွက်ရအခက်ဆုံးထဲမှာမှ
အတိတ်ရဲ့ အရိပ်တွေ က အခက်ခဲဆုံးပါပဲ ။
ဒါကလဲ ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့
မကြိုးစားမိတာလဲ ပါပါမယ် ။
အတိတ်ရဲ့ good memories ကို
အနာဂတ်အထိ ယူဆောင်သွားချင်တယ် ။
နာကျင်မှုကို မေ့ဖျောက်ပြီး
ပျော်ရွှင်စရာတွေ ကိုယ်ကိုယ်တိုင် ဖန်တီးရတာ
တကယ်တော့ သိပ်ကို ခက်ခဲလွန်းလှပါတယ် ။
ဝေဝေမွန်ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ကတော့ အတိတ်ရဲ့ အရိပ်ထဲ ပိတ်မိနေပြီး ပစ္စုပ္ပန်နဲ့ လွန်ဆွဲနေပါတယ် ။
ငယ်စဉ်ဘ၀ကတည်းက ချစ်ရတဲ့ ချစ်ဦးသူက တစ်ဖက် ၊ လက်ရှိအချိန် ဘေးနားမှာ အတူတူ ရှိပေးသူက တစ်ဖက်နဲ့ ဝေခွဲမရတဲ့ အမျိုးသမီးလေးရဲ့ ဘ၀က ဘာဆက်ဖြစ်မလဲ ။
#ခေတ်ရှေးညို #ဆာယာရုပ်ကြွင်း

image
//