16 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်နှင့် ပြင်သစ်ကုမ္ပဏီများ မြေရှားသတ္တုထုတ်လုပ်ရေး ပူးပေါင်းမည်
ဂျပန်အစိုးရသည်ပြင်သစ်တောင်ပိုင်းတွင် မြေရှားသတ္တုထုတ်လုပ်ရေး စီမံကိန်းတစ်ခုတွင်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်း အစိုးရသတင်းရင်းမြစ်များက မတ် ၁၆ ရက်တွင်ပြောသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုကြောင့် လျှပ်စစ်ကားနှင့်အခြားထုတ်ကုန်များတွင် အသုံးပြုသည့်အဓိကသတ္တုများရယူရေးတွင် တရုတ်နိုင်ငံအပေါ်မှီခိုအားထားမှုကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ၎င်းတို့ကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဂျပန်သတ္တုနှင့် စွမ်းအင်လုံခြုံရေးအဖွဲ့အိုင်တာတာနီကုမ္ပဏီတို့သည် မြေရှားသတ္တုထုတ်လုပ်ရေးနှင့် ပတ်သက်၍ပြင်သစ်ကုမ္ပဏီ ကာရီစတာကုမ္ပဏီနှင့် ပူးပေါင်းသွားမည်ဟုဆိုသည်။
ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုသတ္တုနှင့် စွမ်းအင်လုံခြုံရေးအဖွဲ့သည် မြေရှားသတ္တုသန့်စင်ခြင်းလုပ်ငန်းများကို ၂ဝ၂၇ ခုနှစ်တွင်စတင်ရန် ဒေါ်လာ ၁ဝ၉ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
လျှပ်စစ်ကားနှင့် အခြားသော နည်းပညာမြင့်ထုတ်ကုန်များအတွက် မြေရှားသတ္တုသည်မရှိမဖြစ်အရေးပါပြီး လက်ရှိတွင်ဂျပန်နိုင်ငံ၏ လိုအပ်နေ သောမြေရှားသတ္တုများ၏ ထက်ဝက်ကျော်ကိုတရုတ်နိုင်ငံက ထောက်ပံ့ပေးနေသည်။
အင်န်အိတ်ချ်ကေ

image
//