❛ Buddha's Brain ❜
ဒီစာအုပ်ဟာ စိတ်ချမ်းသာမှု၊
ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို
ပိုမိုဖန်တီးဖို့အတွက် သင့်ရဲ့ကိုယ်ပိုင်
ဦးနှောက်အတွင်းပိုင်းထဲကို ဘယ်လို
ရောက်ရှိနိုင်တယ်ဆိုတဲ့ နည်းလမ်းတွေရဲ့
အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ
အောက်မှာဖော်ပြထားတဲ့မေးခွန်းနှစ်ခုကို
ဖြေဆိုဖို့အတွက် စိတ်ပညာ၊
အာရုံကြောဆိုင်ရာဆေးပညာနဲ့
တရားရှုမှတ်တဲ့ ကျင့်စဉ်တွေရဲ့သမိုင်းမှာ
မကြုံခဲ့ဖူးသေးတဲ့ ပေါင်းစည်းမှုကို
စူးစမ်းရှာဖွေထားပါတယ်။
စိတ်ချမ်းသာမှု၊ ချစ်ခြင်းမေတ္တာနဲ့
ဉာဏ်ပညာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ
အခြေအနေ တွေကို ဦးနှောက်ရဲ့
ဘယ်အခြေအနေတွေက အခြေခံထားသလဲ။
◻️ ဦးနှောက်ရဲ့အပြုသဘောဆောင်တဲ့
ဒီအခြေအနေတွေကို နှိုးဆွပြီး
အားကောင်း အောင်လုပ်ဖို့အတွက်
သင့်ရဲ့စိတ်ကို သင် ဘယ်လို
အသုံးပြုနိုင်သလဲ။
◻️ ရရှိလာတဲ့ရလဒ်ဟာ သင့်ဦးနှောက်ကို
ပိုမိုကောင်းမွန်အောင်
တဖြည်းဖြည်း ပြောင်းလဲဖို့အတွက်
သင် အသုံးပြုနိုင်တဲ့
လက်နက်တွေနဲ့ပြည့်နေတဲ့
သင့်ဦးနှောက်အတွက် လက်တွေ့
လမ်းညွှန်တစ်ခု ဖြစ်ပါတယ် ။
