God of War နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ မတ်လ ၁၅ရက်နေ့ စတင်ကျင်းပမည်။
မတ် ၈ ၊ ၂၀၂၅
Santa Monica Studios က အထင်ကရ God of War ဇာတ်လမ်းတွဲရဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲကျင်းပမဲ့ရက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
God of War ဟာ PlayStation 2 မှာ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ ဂိမ်းလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ franchise တစ်ခု ဖြစ်ပါတယ်။
Santa Monica Studio က နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ကို မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်ရှိ Nucleus Art Galleryမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး၊ မတ်လ ၂၂မှာ Cast Panel နဲ့ လက်မှတ်ရေးထိုးပွဲကိုကျင်းပမှာပါ။
Cast Panel မှာ ပါဝင်သွားမဲ့သရုပ်ဆောင်တွေက
TC CARSON (KRATOS)
CHRISTOPHER JUDGE (KRATOS)
CAROL RUGGIER (ATHENA)
SUNNY SULJIC (ATREUS)
DANIELLE BISUTTI (FREYA)
ALASTAIR DUNCAN (MIMIR)
ROBERT HARIGHEAD (BROK)
ADAM J. HARRINGTON (SINDRI)လို့သိရပါတယ်။
God Of War Trilogy ရဲ့ Remastered Version ကို ကြေငြာနိုင်တယ်လို့ကောလာဟလတွေထွက်ပေါ်နေခဲ့ပြီး Ranarok အပြီး Egypt Saga ကိုဆက်သွားနိုင်တယ်လို့လည်းကြားရပါတယ်။
ကြေညာချက်အသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားပေမယ့်၊ ဘယ်လိုအရာတွေ ဖြစ်လာမလဲဆိုတာကိုတော့ Santa Monica Studio က အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ God of War နဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းတွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါတယ်။
