17 w - Translate

" သုခမြို့တော် " ဖတ်ပြီးသွားရင်
ဘဝမှာကြုံလာရမဲ့ ပြဿနာတွေ၊
ဒုက္ခတွေအတွက် ငါ့ဒုက္ခတွေဟာ
သုခမြို့တော်ထဲက ဇာတ်ကောင်
ဟာစရီပါးလောက်တော့ မဆိုးသေးပါဘူးလေ
လို့ပြန်တွေးရင်း ကိုယ့်ဘဝကိုယ်
ဖြေသိမ့် အားတင်းလို့ရနိုင်တယ် ။
၁၉ရာစု အိန္ဒိယပြည်ခေတ်ကာလနောက်ခံနဲ့
ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုရှည်ကြီး။
" သုခမြို့တော် " လို့ အမည်ပေးထားတဲ့
ဆင်းရဲသားရပ်ကွက်တစ်ခုထဲက
ဆင်းရဲချွတ်ခြုံကျမှုတွေ၊ အိန္ဒိယပြည်
ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေနဲ့
ကိုးကွယ်ယုံကြည်မှုတွေ၊ စုတ်ပြတ်ညံ့ဖျင်းတဲ့
ကျန်းမာရေးစောင့်ရှောက်မှုနဲ့
နိမ့်ကျတဲ့လူနေမှုအဆင့်အဆန်းတွေအပြင်
ကျီးကန်းတွေပါနှလုံးကွဲသေနိုင်တဲ့ အပူချိန်
ခွေးသေပုပ်တွေကစလို့တစ်ခါတရံ
လူသေအလောင်းတွေပါ
မျောပါလာနိုင်တဲ့ ရေကြီးရေလျှံမှုတွေစတဲ့
သဘာဝဘေးအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့
လူမဆန်တဲ့မြို့တော်ကြီးတစ်ခုအကြောင်းပါပဲ ။
သုခမြို့တော်ထဲက
ဇာတ်ကောင် ဟာစရီပါးကရဲ့
လှည်းသန်နှစ်ခုကြား တဘဝလုံး
ခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရခြင်းတွေ
လမ်းဘေးပလက်ဖောင်းမှာ အိပ်ရတဲ့
သူ့မိသားစုလေးအတွက် ခန္ဓာကိုယ်က
သွေးကိုဖောက်ထုတ်ရောင်းချပြီး
ငွေရှာခဲ့ရခြင်းတွေကစလို့ အိန္ဒိယပြည်ရဲ့
အစဥ်အလာတစ်ခုဖြစ်တဲ့ မင်္ဂလာဆောင်တွေမှာ
သမီးရှင်ဘက်က သတို့သားကိုတင်တောင်း
ရတာကြောင့် မသေခင်ထဲကသူ့အရိုးကို
စာချုပ်ချုပ်ရောင်းစားခဲ့ရတာတွေစတဲ့
စာဖတ်သူတွေရဲ့ထိလွယ်ရှလွယ်
အသည်းတွေကို ရိုက်ခွဲစေမဲ့အကြောင်း
တရားတွေအများအပြားပါဝင်တာပါပဲ ။
ဆင်းရဲချွတ်ခြုံကျမှုတွေ
နိမ့်ကျတဲ့လူနေမှုစရိုက်တွေကြားထဲက
ဆင်းရဲသားရပ်ကွက်လေးဟာ
ကိုးကွယ်ရာဘာသာမတူတဲ့
လူဆင်းရဲအချင်းချင်း မေတ္တာထားကြပုံ ၊
ဒုက္ခရောက်လျှင်အချင်းချင်းကူညီ
စောင့်ရှောက်ကြပုံတွေကတော့ ကြည်နူးစရာပါပဲ
သာသနာပြုဘုန်းတော်ကြီး ကိုဗာစကီးရဲ့
ဆင်းရဲမွဲတွေမှုတွေထဲ ဝင်ရောက်နေထိုင်ပုံ
လူတွေကိုကူညီကယ်ဆယ်ခဲ့ကာ
မေတ္တာဓာတ်တွေမျှဝေခဲ့ပုံနဲ့
ကမ္ဘာကျော်မာသာထရီဇာရဲ့
ပရဟိတဖြတ်သန်းမှုတွေကို
လေးစားစွာ ဖတ်ရှုရမဲ့စာအုပ်ကြီးပါပဲ ။
လူ့ဘဝဇာတ်ခုံပေါ်က ဆင်းရဲမွဲတေမှု
နင်းပြားတွေအကြောင်း သိချင်ရင်တော့
ဒီ့ထက်ပိုပြီးပြည့်စုံတဲ့ ဝတ္ထု
မရှိနိုင်တော့တာ အသေချာပဲ ။
"သုခမြို့တော် " စာအုပ်ထဲက
ကိုယ်တသက်လုံးအမှတ်ရနေမဲ့
စကားတစ်ခွန်းရှိတယ်။ အဲဲဒါက
" ဘုရားဟာကျွန်တော်တို့ဆုတောင်းသံတွေကို
မကြားရတော့ဘူးထင်တယ် ... " တဲ့ ။

image
//