ပြည်ပရောက် မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြန်လာရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအတိုင်း စစ်မှုထမ်းမဆင့်ခေါ်တော့ဘဲ ရွေးကောက်ပွဲအတွက် ကောက်ခံထားသည့် သန်ခေါင်းစာရင်းတွင် နာမည်ပ့သူကို စစ်မှုထမ်းဆင့်ခေါ်မည်ဖြစ်ကာ ယင်းတွင် ပြည်ပရောက် မြန်မာများကိုလည်း စစ်မှုထမ်းဆင့်ခေါ်မည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပြောပြချက်အရ သိရသည်။

နစကအနေဖြင့် ရွေးကောက်ပွဲကျင်းပပါက မဲစာရင်းပေးနိုင်သည့်လူဦးရေစာရင်းကို သိရှိနိုင်ရန်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ခံခဲ့ခြင်းဖြစ်သည်။

" အခုက ပုံစံပြောင်းသွားပြီ။ မနှစ်က သန်းခေါင်စာရင်းကောက်ထားတာရှိတယ်။ အဲဒီထဲကအတိုင်း စစ်မှုထမ်းဖို့ခေါ်မှာ။ ပြည်ပမှာရောက်နေတဲ့သူတွေလည်းပါတယ်။ နာမည်စာရင်းပါရင် သူတို့ကိုပြန်ခေါ်ရမယ်။ မလာရင် အရေးယူခံရမယ်" ဟု သာကေတမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြည်ပရောက်လူငယ်များကိုပါ ပြန်လည်ဆင့်ခေါ်သွားမည်ဖြစ်ပြီး ပြန်လာရန်ပျက်ကွက်ပါက ဖမ်းဝရမ်းထုတ်ခြင်း၊ပတ်စ်ပို့ဖျက်သိမ်းခြင်း၊အမည်ပျက်စာရင်းသွင်းခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စုစု
ဓာတ်ပုံ - Myanmar Embassy of Soul

#centralnewsnaypyitaw

image
Like