အခုခေတ် လူတသန်းမှာ တယောက် မရှိနိုင်တဲ့ YBS ကားဆရာကြီး (YBS ကားဆရာတွေမှာလည်း ဒီလို လူကောင်းတွေ ရှိပါတယ်)
၂၄-၂-၂၀၂၅ ရက်နေ့ YBS-128 ယာဉ်လိုင်းမှ ယာဉ်တစီးပေါ်တွင် မေ့ကျန်ခဲ့တဲ့ ဖုန်းကို YBS ကားဆရာကြီးက ပိုင်ရှင်ဖြစ်သူထံ လက်ထိလက်ရောက် ပြန်လည် ပေးအပ်ခဲ့ပါတယ်။
ဆိုးသွမ်းတဲ့ YBS ကားဆရာတချို့ ရှိပေမယ့်လည်း ယခုလို စေတနာကောင်းပြီး တာဝန်ကျေတဲ့ ကားဆရာကြီးတွေလည်း ရှိနေပါသေးတယ်။
ဒီဖက်ခေတ်မှာ ပြန်မပေးဖို့ အလွယ်ဆုံး ဖုန်းကို ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးခဲ့တဲ့ ကားဆရာကြီးကတော့ လူတသန်းမှာ တယောက် မရှိနိုင်တော့ပါဘူး။ မြန်မာပြည် အနာဂတ်အတွက် ဒီလို စေတနာရှင်မျိုး အများအပြား လိုအပ်ပါတယ်။
