33 w - Translate

DeepSeek AI သင်ခန်းစာတွေကို တရုတ် တက္ကသိုလ်တွေမှာ သင်ကြားပေးနေပြီ
=============================================

DeepSeek AI ရဲ့ ပေါက်ချက်က ဩချရလောက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အခုတော့ တရုတ် တက္ကသိုလ်တွေဟာ DeepSeek AI သင်ခန်းစာတွေကို အပြိုင်အဆိုင် ပြုစုကာ သင်ကြားပေးနေကြပါပြီ။

တရုတ်ရဲ့ နည်းပညာ ရပ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ရှန်ဇန် တက္ကသိုလ်ဟာ DeepSeek AI ကို အခြေခံထားတဲ့ AI သင်ခန်းစာကို ပြုစုထားပြီး ဒီစာသင်နှစ်က စတင်ကာ ကျောင်းသားတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ တက္ကသိုလ်က ဒီလို သင်ကြားပေးဖို့ Tencent Cloud နဲ့ ပူးပေါင်းထားပါတယ်။

“ AI ကို ကျောင်းသားတွေ အတွင်းကျကျ နားလည်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ နားလည်ရုံတင်မကဘဲ နယ်ပယ်ပေါင်းစုံမှာ AI ကို ထည့်သွင်း အသုံးချတတ်အောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။ “ လို့ တက္ကသိုလ်က ပြောပါတယ်။

နောက်ထပ် တက္ကသိုလ် တစ်ခုက တရုတ် အရှေ့ပိုင်းမှ Zhejiang ဖြစ်ပါတယ်။ တက္ကသိုလ်ဟာ DeepSeek ကို အခြေခံထားတဲ့ AI သင်ခန်းစာကို အွန်လိုင်းကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ပထမဆုံး သင်တန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင် သင်ကြားပေးခဲ့ပါတယ်။

image
Like