33 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားဘက်က DeepSeek ကို ပိတ်ရတဲ့အဓိကအကြောင်းအရင်း

User တွေရဲ့ data တွေကို TikTok ကို ပြန်ပြီး sharing လုပ်ပေးနေတယ်ဆိုတဲ့ အချက်ကြောင့်ပါ။

တောင်ကိုရီးယားရဲ့ အင်တာနက်အချက်အလက်ထိန်းသိမ်းရေးအဖွဲ့ကနေ DeepSeek ဟာ user တွေရဲ့ အချက်အလက်တွေကို Bytedance ပိုင် TikTok ကို sharing လုပ်ပေးနေကြောင်း ဖော်ပြလာတာပါ။ လောလောဆယ်တော့ TikTok ကို Sharing လုပ်ခဲ့တဲ့ အချက်အလက်ပမာဏကိုတော့ အတည်မပြုနိုင်သေးဘူးလို့တော့ ဆိုထားပါတယ်။

Bytedance ရဲ့ အဆိုအရ ကုမ္ပဏီ ၂ ခုက ဆက်စပ်မှုရှိနေတာဟာ DeepSeek ရဲ့ Cloud ဝန်ဆောင်မှုပိုင်းက Bytedance ပိုင် Volcano Engine ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတာကြောင့်လို့ ဆိုပါတယ်။ ဒီလိုချိတ်ဆက်မှုရှိနေပေမဲ့လည်း DeepSeek ရဲ့ data အချက်အလက်တွေကို အသုံးပြုခွင့်မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

ဒီစွပ်စွဲချက်ဟာ တောင်ကိုရီးယားဘက်က DeepSeek ကို ပိတ်ပြီး နောက် ၁ ရက်မှာ ထွက်လာတာဖြစ်ပြီး DeepSeek ကို ပိတ်ပြီးရတဲ့အဓိကအကြောင်းအရင်းလိုလည်း ဖော်ပြထားပါတယ်။ လောလောဆယ်တော့ DeepSeek ဘက်ကလည်း တုံ့ပြန်မှုမရှိသေးသလို တောင်ကိုရီးယားအစိုးရဘက်ကလည်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ် ။

စကားမစပ် ဒီနေ့ကတော့ DeepSeek သတင်းတွေချည်းဖြစ်သွားခဲ့....

image
ကြိုက်တယ်။