21 ပတ် - ဘာသာပြန်ပါ။

ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်ရဲ့ နောက်ဆုံး ဈာပနအခမ်းအနား

ဖေဖော်ဝါရီ ၂၃

အဆုတ်ကင်‌ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် အသက် ၇၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ  ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်ရဲ့ ဈာပနအခမ်းအနားကို မိတ်ဆွေတွေ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ချိုပြုံး၊ ခိုင်ဝါ၊ ကြည်သာပွဲကြိုက်ခင်၊ ဖိုးသောကြာ၊ အိအိချွန်နဲ့အတူ အနုပညာရှင်များစွာက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

မြန်မာသံ ဂီတလောကရဲ့ ဂန္တဝင်အဆိုတော်ကြီးဖြစ်တဲ့ ခင်ညွန့်ရည် အသက် ၇၅ နှစ်က ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်က အဆုတ်ကင်ဆာရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage
+7
//