34 w - Translate

အက်သလက်တီကိုမက်ဒရစ်တို့ကတော့ ချန်ပီယံလိဂ်16သင်းအဆင့်မှာတင် ကံစမ်းမဲကြီးပေါက်သွားခဲ့ပါပြီ။
ယခုရာသီမှာ တီကိုတို့ခြေစွမ်းကောင်းတွေပြသနေကာ ဖလားလေးဘာလေး၊ရမလားမျှော်လင့်ခဲ့ကြသေးပေမယ့် စောစောစီးစီး ရီးရဲလ်တို့နဲ့မှတွေ့တာဖြစ်တာကြောင့် ကံဆိုးမသွားရာမိုးလိုက်လို့ရွာဖြစ်သွားခဲ့ပါပြီ။
ရီးရဲလ်တို့ဟာ အက်သလက်တီကိုတို့ကို ချန်ပီယံလိဂ်မှာတွေ့တိူင်းအနိုင်ပိုင်းထားတဲ့ မှတ်တမ်းကောင်းကြီးရှိလို့နေပြီး၊ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ ဆိုသလိုမျိုးကို ဖြစ်သွားခဲ့တာပါ။
အက်သလက်တီကိုမက်ဒရစ်ရဲ့ official page ကြီးကိုယ်တိုင်ကကို "Shit! ငါတို့ထပ်တွေ့ပြန်ပြီကွာ" ဆိုပြီး စိတ်ပျက်လက်ပျက်ငြီးပြထားတာဖြစ်လို့ ဆီမြွန်နီတို့အနေနဲ့ စောစောစီးစီးအထုတ်ထမ်းကာ လာလီဂါကိုပဲအာရုံစိုက်ရဖို့ ရှိပါတယ်။

image
Like