ပြည်ထောင်စုအဆင့်ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပမည်
ဖေဖော်ဝါရီ ၁၄
နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲနှင့် ပြိုင်ပွဲများကို ယခင်က ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိသာ ကျင်းပရန် စီစဥ်ထားခဲ့သော်လည်း ယခုအခါ ကြည့်ရှုသူပရိသတ် များပြားခြင်းနှင့် ရက်တိုးမြှင့်ပြသရန် တောင်းဆိုမှုများ ရှိလာသဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက် တိုး၍ ကျင်းပရခြင်းဖြစ်သည်။
ထိုပြပွဲနှင့်ပြိုင်ပွဲတွင် စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြခန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းအပါအဝင် ပြခန်းပေါင်း ၉၆ ခန်း ပါဝင်ပြသလျှက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw



