ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစား လုပ်ငန်းများမရှိမှသာ ထိုင်းဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်ပေးမည်
ဖေဖော်ဝါရီ ၁၀
ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများမရှိမှသာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် စတင်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
#သတင်းဟင်းလေးအိုးကြီး

