အာဒိုဂန်နဲ့ အောင်လအန်ဆန်းတို့ရဲ့ပွဲကို One Championship ကြေညာ
ဇန်နဝါရီ ၃၀
One Championship က ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ မစ်ဒယ်ဝိတ်တန်းပွဲစဉ် အဖြစ် ONE 171 ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။
အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က ONE 168 ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး အာဒိုဂန်က အနိုင်ရရှိခဲ့တာပါ။
အဲဒါကြောင့် ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ သူတို့နှစ်ဦးရဲ့ မကျေပွဲအဖြစ် ယှဉ်ပြိုင်မယ့်ပွဲ ဖြစ်ပါတယ်။
အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ရဲ့ မကျေပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ကာတာနိုင်ငံမှာ ကျင်းပသွားမှာပါ။
One Championship က အောင်လအန်ဆန်းအနေနဲ့ ဒီတွေ့ဆုံမှုမှာ ပြန်တုန့်ပြန်ပြီး နိုင်ပွဲရယူသွားမလား အာဒိုဂန်ကပဲ နောက်ထပ် နိုင်ပွဲရယူသွားနိုင်မလားဆိုတာ ကြည့်ရမယ်လို့ ဖော်ပြထားပါတယ်။
အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီး ဝိတ်တန်းတွေမှာ ချန်ပီယံ ခါးပတ်တွေကို ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေကို ဆုံးရှုံးခဲ့ရတာပါ။
အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နိုင်ပွဲတွေ ပြန်ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ထိုးသတ်ခဲ့တဲ့ တစ်ပွဲတည်းသောပွဲမှာ အာဒိုဂန်ကို အရေးနိမ့်ခဲ့ပါတယ်။
အာဒိုဂန်ဟာ MMA ပြိုင်ပွဲမှာ ၁၀ ပွဲထိုးသတ်ထားပြီး ၁၀ ပွဲစလုံး နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။
#centralnewsnaypyitaw
