အတွေးနဲ့တောင် ဝေးဖို့ကို
မစဥ်းစားခဲ့ဖူးတာမို့
လက်တွေ့မှာ ဝေးမဲ့အရာကိုလည်း
လုပ်မှာမဟုတ်ပါဘူး...
စိတ်ချရတယ်ဆိုတာထက်
စိတ်မပူရအောင်နေပေးမယ်
ဝေးများဝေးရင်ဆိုတဲ့အတွေးမျိုး
ငါရော မင်းရော တွေးစရာမလိုတဲ့အထိ
အပူအပင်ကင်းကင်းထားမယ်...
အနာဂတ်ကို ဆေးခြယ်ဖို့
မင်းလက်နဲ့မှ ဖြစ်မှာမို့
ဘဝရဲ့ အဆုံးသတ်နေ့စွဲကိုလည်း
မင်းနဲ့ပဲ ကုန်ဆုံးချင်တယ်.....။
♥♥တန်ဖိုးထားချစ်ရဆုံးသူ♥♥
❤️
