32 w - Translate

လော့စ်အိန်ဂျလိစ်တောမီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
+++++++++++
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တောမီးကြောင့် သေဆုံးသူ ၅ဦးထပ်တိုးလာကာ စုစုပေါင်း ၁၆ ဦးအထိရှိလာပြီလို့ voa သတင်းမှာ ဖေါ်ပြပါတယ်။
အခု ထပ်တိုးလာတဲ့ ငါးဦးဟာ ပါ့လက်ဆေးဇ်ဒေသမီးကြောင့်ဖြစ်ပြီး အရင် ၁၁ဦးကတော့ မီတန်ဒေသမီးကြောင့် ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ အခုတောမီးကိုဆိုးရွားစွာလောင်ကျွမ်းခဲ့မှုကို ဖြစ်ပေါ်စေတဲ့ လေပြင်းတွေ ပြန်လည်ရောက်ရှိလာဖွယ်ရှိတယ်လို့ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) ရဲ့ စစ်ဆင်ရေးမှူး ခရစ်ရှန်လိဇ်က စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။ အမျိုးသားမိုးလေဝသဌာနကတော့ အဆိုပါဒေသမှာ တနင်္လာနေ့နှောင်းပိုင်းကနေ အင်္ဂါနေ့
နှောင်းပိုင်းအထိ လေတိုက်နှုန်း တစ်နာရီလျှင် ၄၈ ကီလိုမီတာမှ ၁၁၂ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် ဂျေပေါလ် ဂတ်တီပြတိုက်နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် ကျောင်းဝင်းတို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးဟာ အင်တာစတိတ်-၄၀၅လမ်းမကို ကျော်လာပါက လူတွေနေထိုင်တဲ့ ဟောလိဝုဒ်တောင်ကုန်းနဲ့ ဆန်ဖါနန်ဒို တောင်ကြားကိုလည်းမီးကူးလာဖွယ်ရှိပါတယ်။
စနေနေ့အထိ ပါ့လက်ဆေးဇ်မီးကို ၁၁ရာခိုင်နှုန်း၊ အီတန်မီးကို ၁၅ ရာခိုင်နှုန်း၊ ကမ်းနက်မီးကို ၈၀ရာခိုင်နှုန်း၊ ဟာ့စ်မီးကို ၇ရာခိုင်နှုန်းနဲ့ လိဒီယာမီးကို ၁၀၀ရာခိုင်နှုန်း ထိန်းထားနိုင်ပြီလို့ သက်ဆိုင်ရာမီးသတ်ဌာနတွေက ထုတ်ပြန်ပါတယ်။

image