ပဲပုတ်(ပဲငပိ)ချက်လေး ပါ
ပဲပုတ်ကိုရေဆေးရေစစ်ထားပါ။ကြက်သွန်နီ၊ဆီ၊နနွင်း၊ငရုတ်ပုထောင်းနှင့်ဆီသတ်ပါ။ခရမ်းချဉ်သီးထည့်ပါ။ခရမ်းချဉ်းသီးကြေလိပ်သွားလျှင်ဆား၊ပဲအကြည်၊သကြားထည့်ပါ။ပဲပုတ်ထည့်ပါ၊အိတာကြိုက်လျှင်ရေအနည်းငယ်ထည့်ပါ။ကြက်သွန်ဖြူပါးပါးလှီးထည့်ပါ။ရေခန်းဆီပြန်လျှင် ငရုတ်သီးစိမ်း နံနံပင် အုပ်မွှေကာ ရပါပြီရှင်။
