35 ပတ် - ဘာသာပြန်ပါ။

ကျပ်သိန်း (၈၀၀၀) ကျော်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေ ကျောက်ဆည်နဲ့ မိုင်းဆက်တို့မှာ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉

ကျပ်သိန်း (၈၀၀၀) ကျော်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေကို မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်အတွင်းနဲ့ ရှမ်း (ရှေ့) မိုင်းဆက်မြို့နယ်တို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဆီက ပြောပါတယ်။

ကျောက်ဆည်မြို့နယ်ထဲက သံရွာကျေးရွာအနီးမှာ ဒီဇင်ဘာ (၄)ရက်နေ့ HUMMER အမျိုးအစားယာဉ် (၁)စီးကို ရပ်တန့်စေပြီး စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ဘိန်းဖြူ အလေးချိန် ၈ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ နဲ့ လက်ကိုင်ဖုန်း (၄) ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး၀ါးတွေရဲ့ ဒေသကာလပေါက်စျေးဟာ ကျပ် သိန်း ၄၃၀၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ (၅)ရက်နေ့က မိုင်းဆက်မြို့နယ်ထဲက မဟုန်လွယ်ကျေးရွာ အနီးမှာ HILUX REVO ယာဉ် (၁)စီးကို ရပ်တန့်စေပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်း ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မူးယစ်ဆေး၀ါးတွေကို သယ်ဆောင်လာသူ (၂)ဦးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image