မတော်တဆ မျက္မှောင်လေးကျုံ့မိတာကနေစလို့
အားဖျော့နေတဲ့မျက်ဝန်းတွေအဆုံး သူကသိပ်ကို
အရိပ်အကဲကြည့်တတ်တာ။
သူ့ရှေ့ရောက်ရင် ဘာမှဖုံးဖိမရသလို၊ဟန်ဆောင်ဖို့လဲမလွယ်တော့ဘူး။
တခုခုကိုဖွင့်ဟမပြောမချင်း ပူဆာတတ်တဲ့ကလေးတယောက်လို တဂျီဂျီမေးနေတော့တာပဲ။
မင်းမပျော်ရင် ကိုယ်လဲမပျော်ရသလို၊မင်းမျက်ရည်ကျတာက ကိုယ့်အတွက်သိပ်ကိုနာကျင်ရတယ်တဲ့။
အိုကွယ်။အဲ့သည့်စကားက်ို ငါဝမ်းနည်းတိုင်း သူကမျက်ရည်တွေဝိုင်းလို့ ပြောရှာတာ။
သူ့အလိုအတိုင်းသာဆို ငါ့ကိုအမြဲပျော်ဖို့ဖန်တီးပေးမှာဆိုပေမဲ့ မမျှော်လင့်ထားတဲ့ အားနည်းချိန်တွေရောက်လာတိုင်း ငါ့မျက်ရည်တွေကို သူမကြည့်ရက်ဘူးတဲ့လေ။
မင်းအကြောင်းကို ကိုယ်ကအသိဆုံးပဲလို့ ထပ်ထပ်ပြောတယ်။အလုံးစုံကို ငါကအသိပေးထားတာမဟုတ်ပေမဲ့
ငါ့ကိုအရိပ်တကြည့်ကြည့်ရှိနေတဲ့သူမို့ မပြောပြလဲ သိနှင့်တယ်ထင်ပါရဲ့။
အပြုံးတချက်ကအစ လေသံတခွန်းအဆုံး ဟန်ဆောင်တာလား၊စိတ်ရင်းလားဆ်ိုတာကို ခွဲခြားပြီး
သိနေတတ်တာ။
အဲ့ဒါတွေကြောင့်လဲ ငါတို့ကြားမှာ အကြည့်ချင်းစုံတာနဲ့ တယောက်အတွေးတွေကိုတယောက်ဖတ်ရှုနိုင်တာ
ဖြစ်မယ်။
ဘယ်တော့မှ လိမ်ညာဖို့စိတ်မကူးခဲ့ပါဘူး။
စိတ်ရင်းအတိုင်း ရှင့်အပေါ်ဆက်ဆံခဲ့တာ။
အများကြီးလဲ ပြောစရာလိုမယ်မထင်ဘူး။
မျက်ဝန်းတွေထဲ အဖြေရှာကြည့်ရင်၊
ကိုယ်ချစ်တာ ရှင်သိပါတယ်။
#hsulubeaindray
