ကျွန်တော်ကို မရွေးချယ်ခဲ့တာကို စိတ်မနာပါဘူး
ဒါပေမဲ့ နောက်တစ်ယောက်အပေါ်တော့ သစ္စာရှိပေးပါ
ခင်ဗျားကို ကျွန်တော်ဝဋ်မလည်စေချင်ဘူး
ကတိတွေလည်း တည်နိုင်အောင် ကြိုးစားပါ
အကောင်းဆုံး ချစ်ပေးပါ
အကောင်းဆုံး ဂရုစိုက်ပေးပါ
အချိန်အားတိုင်း ဆက်သွယ်ပေးပါ
တစ်ယောက်ထဲ ပစ်မထားပါနဲ့
အားပေးစကားပြောပါ
ပျော်စရာလေးတွေ ဖန်တီးပါ
ကျွန်တော် ဆိုလိုချင်တာက လောကမှာ
ကျွန်တော့်လို လူတွေ ထပ်မရှိစေချင်တော့တာပါပဲ
ဟန်ဆောင်မှုကင်းကင်း၊ လိမ်လည်မှုကင်းကင်းနဲ့
တစ်ယောက်ကို တစ်ယောက်ချစ်ကြစေချင်တယ်
#han_phyo
