မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်။🌹
ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။🌹
ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်။🌹
ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်။🌹
တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာ အတွက် လက်တွဲဖို့ရာမှာ
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်းမတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး။🌹
ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်။
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်။
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်။🌹
အဓိက
အမေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာကံကောင်းသူပါပဲ။🌹
