51 ပတ် - ဘာသာပြန်ပါ။

🌹#အဖိုးတန်တဲ့_မိန်းမ?
📚📚📚📚📚📚📚📚📚

#မိန်းမတစ်ယောက်ရဲ့
တန်ဖိုးဆိုတာ...
ရုပ်ရည်မဟုတ်ပါဘူး။

#အရှက်နဲ့သိက္ခာကို
အသက်ထက် တန်ဖိုးထားတာကို
ဆိုလိုတာပါ။

#တန်ဖိုးကြီးတဲ့ပစ္စည်းကို
လူတိုင်းက လိုချင်ကြပေမယ့်
လူတိုင်း ဝယ်မသုံးနိုင်ပါဘူး။

#ဒီလိုပါပဲ။
အရမ်းချောမော လှပတဲ့
မိန်းကလေးတစ်ယောက်ကို
လူတိုင်းက လိုက်စချင်ပေမယ့်
အရှက် သိက္ခာရှိတဲ့
မိန်းမကောင်းဖြစ်နေရင်
လူတိုင်းက လိုက်မစရဲတော့ပါ။

#ဈေးပေါတဲ့ပစ္စည်းဆိုတာ…
လှလှ မလှလှ
အသုံးခံသည်ဖြစ်စေ
မခံသည်ဖြစ်စေ
လတ်တလော အဆင်ပြေစေဖို့
အတွက်
လူတိုင်းက မနှစ်သက်ကြပေမယ့်
လူတိုင်း
ဝယ်သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်နေလို့
လူတန်းစား မရွေး
ဝယ်သုံးလေ့ ရှိပါတယ်။

#ထို့အတူ
ဈေးပေါတဲ့ မိန်းမတွေဆိုတာ…
ရုပ်လှနေမှ မဟုတ်ပါဘူး။
မိန်းမကောင်း တစ်ယောက်ရဲ့
အဆင်းအင်္ဂါရပ်နဲ့ မညီပဲ
လူတိုင်းလိုက်စရဲတဲ့ အနေအထားမျိုး
ဖြစ်နေရင်
လူတန်းစား အရွယ်မရွေး
အနားလာကပ်တာကို ခံရမှာပါပဲ။

#တကယ်တော့…
လူတန်းစား အရွယ်မရွေး
အိမ်ထောင်သည်တွေကအစ
လိုက်စရဲတယ်ဆိုတာ
ဂုဏ်ယူစရာ မဟုတ်ပါဘူး။

#ကိုယ်က အပေါစားဆန်လွန်းလို့
လူတကာ စရဲတာကသာ ရှက်စရာပါ။

💕#ဒါကြောင့်…
လူတန်းစား အရွယ်မရွေး
အနားကပ်ခံနေရပြီဆိုရင်
ငါ အရမ်းချောလှနေလို့လား လို့
တွေးမယ့်အစား
ငါ အပေါစားဆန်နေလို့လား လို့
အရင်တွေးကြည့်လိုက်ပါ။

💕#လူတကာ ချဉ်းကပ်ရဲတဲ့
မိန်းမ ဖြစ်နေဖို့ထက်
လူတကာ မချဉ်းကပ်ရဲတဲ့
တန်ဖိုးထားရှိတဲ့ မိန်းမ ဖြစ်နေဖို့ပဲ
လိုပါတယ်။

📚📚📚📚📚📚📚📚📚📚

image