51 ပတ် - ဘာသာပြန်ပါ။

ဓွနိ

အိန္ဒိယရသစာပေအယူအဆတွင် ဓွနိ အယူအဆဆိုသော သဘောတရားတခုရှိသည်။ ဒါကို စကားပြေအရေးအသားဘက်မှာပါ စွာသော အဘိနဝဂုပ္တ ဆိုသည့်ဆရာကြီးက ဦးဆောင်လက်ခံသည်။

စာ သို့မဟုတ် အနုပညာ၏ တန်ဖိုးမှာ ဓွနိဖြစ်သည်။ ဓွနိသည် အလင်္ကာ (တဲခနိက)၊ ရသ (စာဖတ်သူ့အကျိုးရသ)၊ ဂုဏ် (အကြောင်းအရာနှင့် တင်ပြမှုအရည်အသွေး) စသည်တို့ထက် တန်ဖိုးပိုရှိသည်။ ဓွနိ ဆိုတာကမှ အနုပညာ၏ အနုပညာမြောက်စေသောအကြောင်းတရားဟု ဓွနိဂိုဏ်းက လက်ခံသည်။

ဓွနိကို ပါဠိပြန်လျှင် ဓနိ ဖြစ်ပါသည်။ ဓွန ဓာတ်သည် သဒ္ဒေ အသံကို ညွှန်းသည်။ အနုပညာရှင်၏ အသံ၊ ဟန်၊ လေ၊ စိတ်ဇောစေတနာ စသဖြင့် အကုန်ယူရမလိုဖြစ်နေပြီး ဘာသာပြန်ရခက်သည်၊ သူတို့ ခုပြန်ကြတာက Suggestion ဟု ဖြစ်ပါသည်။ poeticness ကဗျာဓာတ်လည်း suggestive power ဟု ယူလိုက ယူနိုင်သည်။ ဘာမှန်းမသိတာကိုက အသိဖြစ်ပါသည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

ဆရာပါရဂူ ပြောသော သရော်စကား၊ ထေ့ငေါ့မှု ဘာညာသည် ဓွနိမဟုတ်ပါ။ အဓိပ္ပါယ်အကောက် လွဲပါသည်။ ဆရာဇော်ဂျီပြောသည့် စာစေတနာ ဘာညာကလည်း ပလေတိုလိုလို ဘာလိုလိုနဲ့ ဆိုရှယ်လစ်အကြိုက် မာ့က္စ်စ်ဝါဒယိမ်းနေသည်။

ဓွနိ သည် ဓွနိ ဖြစ်ပါ၏။

image