1 နှစ် - ဘာသာပြန်ပါ။

သက္ကတသင်တန်း (ပညာဒါန)

ယခုရက်သတ္တပတ်များအတွင်း အသံထွက်၊ အက္ခရာလှယ်၊ ပါဠိပြောင်း (နိရုတ္တိ)၊ နာမ်ဂိုဏ်းပြေး၊ အာချာတ်ဂိုဏ်းပြေး၊ အဗျယပုဒ်များနှင့် ဝေါဟာရသင်ကြားမှုများသာ ရှိပါမည်။ ရှင်းလင်းချက်များကို မြန်မာဝေါဟာရ၊ အင်္ဂလိပ်ဝေါဟာရများဖြင့် ပေးရန် ကြံရွယ်ပါသည်။

အထူးသင်ရန်ကိစ္စမှာ အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် AI အသုံးပြုပြီး သင်ကြားမှုဆိုင်ရာများဖြစ်ပါသည်။ Cognitive and Functional Linguistics ကို အဓိကအခြေခံသော်လည်း Morphology ဆိုင်ရာကိစ္စများ ခုကာလအတွင်း ပိုပြောဖြစ်မည် ထင်ပါသည်။

သင်ကြားမည့်စာအုပ်မှာ အောက်ပါအခြေခံစာအုပ်ဖြစ်ပါသည်။ သို့သော် မိမိတို့လေ့လာနည်းကိုသုံးပြီး ဤစာအုပ်အတိုင်း သင်ဖို့ရာ မဖြစ်နိုင်သဖြင့် ပြောင်းလဲပြင်ဆင် သုံးစွဲမည်ဖြစ်ပါသည်။

သင်ကြားမည့် telegram group အတွက် link ကို မကြာမီ ပေးမည်ဖြစ်ပြီး၊ တက်ရောက်မည်ဟု လာပြောထားသူများ တန်းတက်နိုင်ပြီး၊ အချို့ ကြွင်းကျန် အဖွဲ့ဝင်မသွင်းမိပါက လာပြောစေလိုပါသည်။

ဆရာ ဦးဇော်မင်းဦး facebook page မှ

imageimage