ဦးနှောက်သွေးခဲပြီးမှ ဘောလုံးပြန်ကစားမယ့် ကစားသမား
--------------------------
ဆွီဒင် ကစားသမား ခရစ္စတိုဖာအော်လ်ဆင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဦးနှောက်သွေးခဲမှု ဖြစ်ပွားခဲ့ပါတယ်။
နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ရှူစက်နဲ့ ဆေးရုံကို အရေးပေါ်တင်ခဲ့တာရတာလို့ သိရပါတယ်။
အဲ့နောက် အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ပြီး ပြန်လည်သန်စွမ်းရေး ကုသခဲ့ရပါသေးတယ်။
လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာတဲ့ အော်လ်ဆင်က - “ကျွန်တော် အတော်လေး နေကောင်းနေပါပြီ။ ကျွန်တော်ဘောလုံးတောင် ပြန်ကစားနိုင်နေပါပြီ။ အကောင်းဆုံး လှုပ်ရှားသွားလာနိုင်ပြီး မှတ်ဥာဏ်လဲ အကောင်းတိုင်းပါပဲ”လို့ ဆွီဒင် မီဒီယာတစ်ခုကို ပြောလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အော်လ်ဆင်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ မစ်ဂျ်လန်းအသင်းက - “အမြန်ဆုံး ပြန်လည်သန်စွမ်းပြီး သူ့ရဲ့ ပုံစံကောင်းကို ရရှိနေပါပြီ”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အော်လ်ဆင်အနေနဲ့ ရှားပါး ရောဂါတစ်ခုကြောင့် ဦးနှောက်အတွင်းရှိသွေးကြောမျှင် အများအပြား ပေါက်သွားခဲ့ပြီး သွေးခဲမှု ဖြစ်ခဲ့တာပါ။
အော်လ်ဆင်က အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅က မစ်ဂျ်လန်းကို မပြောင်းရွှေ့ခင် အာဆင်နယ်အတွက် တစ်ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။
မေလ ၂၆ရက်နေ့တုန်းကတော့ မစ်ဂျ်လန်းအသင်း ဒိန်းမတ်လိဂ် ချန်ပီယံ ဖြစ်တုန်းက အသင်းဖော်တွေရဲ့ အောင်ပွဲခံ အခမ်းအနားကို ပွဲကြည့်စင်ကနေ အားပေးခဲ့ပါသေးတယ်။
