စိတ်ချမ်းသာအောင်နေတယ်
အပူပေးသူတွေကို ရှောင်တယ် ။
ကိုယ့်ကိုယ်ကိုယ် ချစ်တယ်
လူတွေကို လေးလေးစားစား ဆက်ဆံတယ် ။
စာအုပ်တွေ ဝယ်စုမယ် ။
ပန်းတွေ ပျိုးမယ် ။
တတ်နိုင်သလောက်
ပေးကမ်းနိုင်တဲ့ လက်တစ်စုံဖြစ်အောင် ကြိုးစားမယ် ။
"သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ"ဆိုတဲ့
စကားအတိုင်း မကျင့်သုံးပါဘူး။
ဒါပေမယ့်
သင် ဆိုးမိရင် ကျွန်ုပ်ရဲ့ တိတ်ဆိတ်မှုအောက်မှာပဲ
ကျရှုံးသွားစေလိမ့်မယ်။
-ဖားစည်ရည်ကျော်
