ယူရိုမှာ ဂုဏ်ဆောင်ခွင့်ရတော့မယ့် ဆယ်ကျော်သက်၂ဦး
ယူရို၂၀၂၄ ပြိုင်ပွဲ၀င်မယ့် စပိန်လက်ရွေးစင်အသင်းရဲ့ ပဏာမလူစာရင်းမှာတော့ ဘာစီလိုနာရဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေးတွေဖြစ်တဲ့ လ(က်)မင်းယမာလ်နဲ့ ပေါကူဘာစီတို့ ပါ၀င်လာခဲ့ပါတယ်။
အပြီးသတ်လူစာရင်း ထုတ်ပြန်ဖို့အတွက် ပဏာမလူစာရင်းထဲက ကစားသမားအချို့ကို လျှော့ချသွားဦးမှာပါ။ ဒီတော့ ယမာလ်နဲ့ ကူဘာစီတို့ ယူရို၂၀၂၄မှာ သေချာပေါက် ပါ၀င်ခွင့်ရမယ်လို့ အာမခံချက် မရှိသေးပါဘူး။
ပြီးခဲ့တဲ့မတ်လမှာ ကစားခဲ့တဲ့ စပိန်ရဲ့ ခြေစမ်းပွဲတွေမှာ သူတို့နှစ်ယောက်လုံး ပါ၀င်ကစားခွင့်ရခဲ့ပါတယ်။ ယမာလ်က စပိန်ရဲ့ပွဲထွက် ၁၁ယောက်လူစာရင်းမှာ ပါ၀င်ခွင့်ရဖူးပေမယ့် ကူဘာစီကတော့ လူစား၀င်ကစားသမားအနေနဲ့ပဲ မိနစ်အနည်းငယ်သာ ကစားခွင့်ရထားပါသေးတယ်။
ဒီတော့ ယမာလ်က ယူရို၂၀၂၄မှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရဖို့ သေချာနေပြီး ကူဘာစီ ပါ၀င်ခွင့် ရမရတော့ စောင့်ကြည့်ရပါဦးမယ်။ လွန်ခဲ့တဲ့ ၁နှစ်က ဒီကစားသမားလေးတွေဟာ စပိန်ယူ၁၇အသင်းအတွက် ကစားနေခဲ့တာပါ။
လက်ရှိမှာ ဘာကာရဲ့ အဓိကကစားသမားလေးတွေဖြစ်တဲ့ ယမာလ်က ၁၆နှစ်၊ ကူဘာစီက ၁၇နှစ်သာ ရှိပါသေးတာပါ။ ဒီအရွယ်လေးတွေမှာ နိုင်ငံအသင်းနဲ့အတူ ပြိုင်ပွဲကြီးတစ်ခုမှာ ပါ၀င်ခွင့်ရမယ်ဆိုရင် သူတို့အတွက် ဂုဏ်ယူစရာကောင်းမှာ အသေအချာပါပဲ။
