10 နှစ်ကြာပြီးမှ iPad ပေါ်ကို
ရောက်လာတဲ့
Android Tablet ရဲ့အကောင်းဆုံး Feature ကိုသိကြလား??
Android တွေ အတွက် ရိုးအီနေပါပြီဆိုမှ Apple ကအသစ်အဆန်းထလုပ်ပြတာတော့ နည်းပညာနဲ့ရင်းနှီးတဲ့သူတွေ သိပြီးလောက်ပါပြီ
အခုလဲ Android Tablet တွေပေါ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှိနှင့်နေပြီး သား စနစ်တစ်ခု iPad တွေပေါ်ကို ဆက်တိုက်ရောက်လာပါတယ်
ဘာလဲဆိုရင် OLED Display ပါပဲ မှတ်မိပါသေးတယ် iPad တွေကို Android Tablet တွေ နဲ့ယှဉ်ရင် အားနည်းချက်လို့ မြင်ကြတာ Display ပါပဲ
သမိုင်းကိုပြန်ရှာကြည့်တော့ Samsung ကတော့ 2011 ခုနှစ်မှာ OLED Display ကို Galaxy Tab 7.7 နဲ့ Tablet ပေါ် ပထမဆုံး စတင်ပေးထားတာလို့ တွေ့ရတယ်ဗျ ဘာပဲပြောပြော ၁၀ နှစ်ကျော်တာတော့ သေချာပြီလေ
အခုလဲ 2024 ကျမှ iPad Pro တွေမှာ OLED Display (2) ချပ်ထပ်ထားတယ်ဆိုတဲ့ Tandem OLED ပါလာအပြီးမှာ iPad Mini ကိုလဲ OLED Display ထည့်ပေးတော့မယ်လို့ သတင်းထွက်နေပါတယ် ဒါတောင် iPad Mini အတွက် 2026 မှထည့်ပေးနိုင်မှာပါတဲ့
ဘာပဲပြောပြော iPad တွေပေါ်မှာ Android Tablet တွေရဲ့ အကောင်းဆုံး စနစ်တွေ စတင်ပါလာပြီဆိုတာကတော့ သုံးစွဲသူတွေအတွက် ဝမ်းသာစရာလို့ပြောရမှာပါပဲ
Facts : iPhone တွေမှာလဲ ထိုနည်း၄င်း ပါပဲ Apple က iPhone X ကျမှသာ iPhone တွေပေါ်မှာ OLED Display ထည့်ပေးနိုင်ခဲ့တာပါ
