1 y - Translate

ရခိုင်မုန့်တီသုပ် ♡
❀ ❀ ❀

ရခိုင်မုန့်တီကိုအရမ်းကြိုက်ပါတယ်။ကိုယ်တိုင်တော့တခါမှမချက်ဖူးဘဲမေးလာတဲ့သူငယ်ချင်းမိတ်ဆွေတွေအတွက်လုပ်ဖော်ကိုင်ဖက်ရခိုင်သူငယ်ချင်းနှစ်ယောက်အကူအညီနဲ့ချက်ဖြစ်ခဲ့တဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ချက်နည်းလေးတွေပြောပြပေးတဲ့စစ်တွေကကိုစံလင်း(ရခိုင်ငါးပိလက်ဆောင်ပေးသူ)၊မသီတာချိုတို့ကိုကျေးဇူးအထူးတင်ပါတယ်။ဒေသအလိုက်ချက်နည်းလေးတွေကွဲကြတယ်လို့ဆိုပါတယ်။ ချက်ကြည့်ရအောင်နော်။
ဟင်းချိုချက်ရန်ပါဝင်ပစ္စည်း
***************
ငါးေ၇ှ - တစကြီလို
မျှင်ငါးပိ - ၂ဇွန်း စားပွဲဇွန်း
ကြက်သွန်ဖြူ - တစ်ဥ ကြီးကြီး
ငရုပ်ကောင်း -၂ဇွန်း
ပဒဲကော - လက်တစ်ဆစ်
ဆား - ၂ဇွန်း
ဟင်းခပ်မှုန့် - ၃ဇွန်း
ရေ - ၄လီတာ
တွဲဖက်စားရန်
*******
မုန့်တီဖက်
ငရုပ်သီးထောင်း
ငါးဖယ်ကြော်
ပဲကြော်
နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာငါးကိုရေဆေးသန့်စင်ပြီးေ၇တစ်လီတာထည့်ပြီးပွက်အောင်တည်ပါ။
(၂)ငါးကျက်ပါကဆယ်ယူုပြီးအသားများကိုမွချွေပြီးတဝက်ကိုငါးပြုတ်ေ၇အိုးထည်းပြန်ထည့်ပါ။
(၃)ငါးပိကိုေ၇အနည်းငယ်ဖြင့်ဖျော်ပြီးမီးဖိုပေါ်တွင်ဆူပွက်အောင်တပွက်ဆူတည်ပြီးဇကာဖြင့်စစ်ထားပါ။
(၄)စစ်ထားသောငါးပိရေ တဝက် ၊ကြက်သွန်ဖြူထောင်း၊ငရုပ်ကောင်း၊ပဒဲကောထောင်းထားသည်တို့ကိုငါးပြုတ်ရည်အိုးထည်းထည့်ပါ။ရေ၃လီတာထပ်ထည့်ပြီးဆားဟင်းခပ်မှုန့့်ထည့်ပြီးဆူပွက်အောင်တည်ပါ။အရသာအပေါ့အငံမြည်းကာ မီးပိတ်ထားပါ။
(၅)တဝက်ချန်ထားသောငါးကိုအရေညစ်ပြီးဒယ်အိုးထဲထည့့်ကာခြောက်နေအောင်လှော်ထားပါ။ရခိုင်သုပ်အတွက်ဖယ်ထားပါ။
(၆)ငရုပ်သီးကိုေ၇အနည်းငယ်ဖြင့်ပြုတ်ပြီးကြိတ်ပါ။ချန်ထားသောငါးပ်ိ၇ည်နှင့်လှော်ထားသောငါးမှုန့်တစ်ဇွန်းထည့်ပြီးမွေထားပါ။
(၇)အာပူလျှာပူချက်လိုပါကချက်ထားသောဟင်းရည်အိုးထဲ သို့ငရုပ်သီးပြုတ်ထောင်းကိုထည့်ချက်ပါ။
(၈)အားလုံးအသင့်ဖြစ်ပါကပန်းကန်တွင်မုန့်ဖက်၊ပဲကြော်၊ငါးဖယ်ကြော်၊နံနံပင်နှင့်ငရုပ်သီးထောင်းထည့်ကာဟင်းရည်ပူပူလောင်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ရခိုင်သုပ်ပြုလုပ်နည်း
************
မုန့်ဖတ် -တစ်ပွဲစာ
ငါးလှော်မှုန့် -တစ်ဇွန်း စားပွဲဇွန်း
ကြက်သွန် - အနည်းငယ် နှစ်သက်ကထည့်ပါ။
မန်ကျည်းမှည့်ရည် - တစ်ဇွန်း စားပွဲဇွန်း
ငဂုပ်သီးထောင်း - လိုသလောက်
ဆား -အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင်
ငါးဖယ်ကြော်
ပါဝင်ပစ္စည်းများအားလုံးကိုပန်းကန်တွင်ထည့်နယ်ပြီးဟင်းချိုပူပူဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
.......
#cooking

image