Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမြင်အာရုံချို့တဲ့ပေမဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကြောင့် တိရစ္ဆာန်ကုဆေးကျောင်း တက်ခွင့်ရခဲ့သူ
အမြင်အာရုံ ချို့တဲ့ပေမဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူတစ်ဦးဟာ တက္ကဆက်နည်းပညာတက္ကသိုလ် တိရစ္ဆာန်ကုဆေးကျောင်းကို တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဖိန့်စနက်ဟာ အမြင်အာရုံ ၁၀ ရာခိုင်နှုန်းအောက်သာ မြင်ရပြီး ညာဘက်မျက်လုံးကပဲ လှုပ်ရှားမှုပုံရိပ်တွေကို ခပ်ဝါးဝါး မြင်ရတာပါ။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေကို ချစ်တဲ့ ဖိန့်စနက်ဟာ တိရစ္ဆာန်ကုဆရာဝန်ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့ပြီး တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့တာပါ။
သူဟာ အတွေ့အကြုံရစေဖို့အတွက် ဒေသန္တရ တိရစ္ဆာန်ကုဆေးရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အမြင်အာရုံ ချို့တဲ့သူအတွက် အခက်အခဲတွေ များလွန်းပေမဲ့ ဖိန့်စနက်က လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ လမ်းပြခွေးလေးနဲ့အတူ နေ့စဉ်နေ့တိုင်း တိရစ္ဆာန်ကုဆေးရုံကို သွားပြီး အတွေ့အကြုံယူခဲ့ပါတယ်။
'' ကိုယ့်အတွက် တစ်ခုတည်းသော ကန့်သတ်တားဆီးမှုက ငါ မလုပ်နိုင်ဘူးဆိုတဲ့ အတွေးပဲလို့'' လို့ ဖိန့်စနက်က ဆိုပါတယ်။ ဖိန့်စနက်ဟာ လာမယ့်သြဂုတ်လကျရင် တက္ကဆက်နည်းပညာတက္ကသိုလ် တိရစ္ဆာန်ကုဆေးကျောင်းမှာ တက်ရောက်ခွင့်ရတော့မှာဖြစ်ပြီး တိရစ္ဆာန်ကု ဆရာဝန်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည် ဖော်ခွင့်ရတော့မှာပါ။
'' ရည်မှန်းချက်၊ အိပ်မက်တွေရှိတယ်ဆိုရင် ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်အခြေအနေဆိုတာတွေကို မေ့ထားလိုက်ပါ။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ဒီဖြစ်ရပ်က ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နေသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ပါတယ်'' လို့ ဖိန့်စနက်က ဆိုပါတယ်။
Ref:Legally Blind Woman Accepted Into Texas Tech School Of Veterinary Medicine