1 y - Translate

လာမည့် April လ 8 ရက်နေ့မှာ (ring of fire) ဖြစ်စဉ်ဖြစ်ပေါ်လာပါလိမ့်မည်
နှစ်ပေါင်း 375 နှစ်မှတစ်ကြိမ်သာဖြစ်ပေါ်သောဖြစ်စဉ်တခုဖြစ်ပါသည်
နေကြတ်နေစဉ် နေ့အချိန်မှာ ညကဲ့သို့နီးပါးမှောင်မည်းသွားပြီး အပူချိန်များသိသာစွာကျဆင်းသွားပါမည်

Crd

>>>နေမီးကွင်း ကြတ်ခြင်း မဖြစ်ပါ<<<

နေကြတ်ခြင်း နဲ့ လကြတ်ခြင်းတို့ဟာ နှစ်စဉ် တစ်နှစ်လျှင် ၂ ကြိမ်မှ အများဆုံး ၅ ကြိမ်ခန့်အထိ ဖြစ်လေ့ရှိတဲ့ အာကာသဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ နေနဲ့ ကမ္ဘာအကြားကို လ ရောက်ရှိတဲ့အခါ လ ရဲ့ အရိပ်ဟာ ကမ္ဘာပေါ်ရှိ ဒေသမျက်နှာပြင် အချို့သို့ကျရောက်ပြီး နေကြတ်ခြင်း ဖြစ်ပေါ်တတ်သလို၊ နေနဲ့ လအကြားသို့ ကမ္ဘာရောက်ရှိသွားချိန်မှာလည်း လရဲ့ မျက်နှာပြင်ပေါ်မှာ ကမ္ဘာရဲ့ အရိပ်ကျရောက်ခြင်းကို မြင်တွေ့ရနိုင်ပါတယ်။ ထိုအရာကို လကြတ်ခြင်းလို့ခေါ်ပါတယ်။ ဒီအကြောင်းအရာတွေကို ငယ်စဉ်က အခြေခံပညာ သိပ္ပံ နဲ့ ပထဝီ သင်ခန်းစာများမှာ ကျနော်တို့ သင်ကြားခဲ့ကြပြီး ဖြစ်ပါတယ်။

လမည့် တပေါင်းလကွယ်နေ့ဖြစ်တဲ့ ဧပြီလ ၈ ရက်နေ့မှာလည်း နေ နှင့် ကမ္ဘာအကြားကို လ ရောက်ရှိမှာဖြစ်ပြီး နေကြတ်ခြင်းဖြစ်စဉ်ကို မြောက်အမေရိကတိုက်ရှိ ဒေသအများမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ နေကြတ်ချိန်ဟာ မြန်မာစံတော်ချိန်အားဖြင့် ဧပြီ ၈ ရက်နေ့ ည ၁၀ နာရီ ၁၃ မိနစ်မှ ဧပြီ ၉ ရက်နေ့ နံနက် ၃ နာရီ ၂၂ မိနစ်ထိ ဖြစ်ပါတယ်။ နေကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမှ လုံးဝ မမြင်တွေ့ရနိုင်ပါ။

နေဟာ ကမ္ဘာမှ မိုင်ပေါင်း ၉၃ သန်းခန့် ကွာဝေးပြီး အရွယ်အစားအားဖြင့် အဆ ၁၀၀ ကျော်ကြီးမားပါတယ်။ လဟာ ကမ္ဘာရဲ့ ၄ပုံ ၁ပုံလောက်သာရှိပြီး မိုင်ပေါင်း ၂၃၀၀၀၀ ခန့် ကွာဝေးပါတယ်။ ထို့အတွက်ကြောင့် နေ နှင့် လ တို့ရဲ့ အရွယ်အစားဟာ ကမ္ဘာမှကြည့်လျှင် သိပ်မကွာသလိုရှိတတ်ပါတယ်။ တခါတရံလဟာ ကမ္ဘာအနီးသို့ ရောက်ရှိနေချိန် (တနည်း) ပတ်လမ်းနီးနေချိန်မှာ နေကြတ်လျှင် နေကို အပြည့်ဖုံးအုပ်နိုင်တဲ့အတွက် နေအပြည့်ကြတ်ခြင်းမျိုး ဖြစ်ပေါ်တတ်ပြီး၊ တခါတရံမှာ လဟာ ပတ်လမ်းဝေးတဲ့နေရာသို့ ရောက်ရှိနေခဲ့လျှင်တော့ လရဲ့ အရွယ်အစားဟာ နေထက် အနည်းငယ်သေးသွားတဲ့အတွက် နေကြတ်ခြင်း ဖြစ်ပေါ်တဲ့အခါ လဟာ နေ အတွင်းသို့ ဝင်ရောက်သွားပြီး ပတ်ပတ်လည်မှာရှိတဲ့ နေရောင်ကို မီးကွင်းတစ်ခုလို မြင်တွေ့ရတတ်ပါတယ်။ ထိုအရာကို နေမီးကွင်းကြတ်ခြင်း (Ring of fire eclipse) လို့ ခေါ်ပါတယ်။

၂၀၂၄ ဧပြီလ ၈ ရက်နေ့မှာ လ ရောက်ရှိနေမည့် နေရာဟာ ကမ္ဘာမှ မိုင်ပေါင်း ၂၂၃၀၀၀ ခန့်အကွာမှာဖြစ်ပါတယ်။ ပျမ်းမျှအကွာအဝေး (၂၃၀၀၀၀ မိုင်) ထက် ပိုနီးနေတဲ့အတွက် နေကို အပြည့်ဖုံးအုပ်ခြင်း (Total solar eclipse) ဖြစ်မှာဖြစ်ပြီး နေမီးကွင်း မဖြစ်ပေါ်နိုင်ပါ။ အမေရိကန်နိုင်ငံ၊ မက္ကဆီကို နဲ့ ကနေဒါ နိုင်ငံဒေသများမှာ နေကြတ်ခြင်းအားမြင်တွေ့ကြရမှာပါ။ (လအရိပ်လမ်းကြောင်းပြမြေပုံ)

မြန်မာနိုင်ငံမှာတော့ ၂၀၂၄ ခုနှစ်အတွင်း နေကြတ်ခြင်းရော၊ လကြတ်ခြင်းပါ မမြင်တွေ့ရနိုင်ပါ။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

imageimage
1 y - Youtube

image
1 y - Translate

Hello

1 y - Translate

Good Evening

image
1 y - Translate

Drew this while i was studying
Cz isss sooo bored😑

image
1 y - Translate

မနက်ဖြန် တနင်္လာနေ့ဟု တွေးမိသောအခါ 🥴

image
1 y - Translate

Mango ခုချိန်စားလိုက်ရရင်တော့ဖြင့် 😋

image
1 y - Translate

Mango ခုချိန်စားလိုက်ရရင်တော့ဖြင့် 😋

image
//