Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ရှိထားသင့်သည့် အရင်းအနှီးများ”
🔳 So Good They Can’t Ignore You (သူတို့ လျစ်လျူရှုထားလို့ မရလောက်တဲ့အထိ တော်အောင် ကြိုးစားပါ) ဆိုတဲ့ စာအုပ်မှာ စကားလုံးတစ်လုံး မှတ်သားဖူးတယ်။
Career Capital တဲ့။
မြန်မာလို ဘာသာပြန်ရရင်တော့ Career (အသက်မွေးဝမ်းကျောင်းအလုပ်) အတွက် ရေရှည်လိုအပ်မဲ့ အရင်းအနှီးတွေပေါ့။ အဲဒါတွေသာ ရှိထားရင် ဘယ်အလုပ်လုပ်နေတဲ့သူ ဖြစ်ဖြစ်၊ နောက်ဆုံး တခြားအလုပ်တစ်ခုပဲ ပြောင်းဖြစ်ဦးတော့ အကျိုးပြုနေမဲ့ အချက်တွေလို့ ဆိုလိုတယ်။
🔳 ဘာတွေလဲ ဆိုတော့ -
📌 ကျွမ်းကျင်မှု (Skill)
ကိုယ့်သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် Growth mindset လို့ ခေါ်တဲ့ ဖွံ့ဖြိုးလိုတဲ့ စိတ်နေစိတ်ထားလည်း ရှိရလိမ့်မယ်။ အမှားတွေကနေ သင်ခန်းစာယူတာ၊ ဝေဖန်သံတွေကို နားထောင်တာ၊ တစ်ကြိမ်ထက်တစ်ကြိမ် ပိုကောင်းအောင် ကြိုးစားတာ၊ ဒါတွေဟာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို စဉ်ဆက်မပြတ် တိုးတက်အောင် အားထုတ်သူတွေ၊ Growth mindset ရှိသူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။
📌 ပညာရေး (Education)
ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု လက်မှတ်တွေ၊ ဆုတွေ ရထားခြင်းဟာလည်း အထူးသဖြင့် နိုင်ငံတကာထိ ဝင်ဆံ့ဖို့မှာ မဖြစ်မနေ လိုအပ်ပါတယ်။
📌 ငွေကြေးစုဆောင်းထားခြင်း (Saving)
Career နဲ့ ဘယ်လိုပတ်သက်သွားတာလဲဆို ဒုတိယအချက်ကြောင့်လို့ ပြောလို့ရတယ်။ တချို့သင်တန်းတွေ၊ ဘွဲ့တွေက ငွေကုန်ကြေးကျ ခံရပါတယ်။ အဲဒီလိုမဟုတ်တောင် တစ်ခါတလေ အလုပ်တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ လစာမရဘဲ တောင့်ခံနိုင်ဖို့အတွက် ငွေစုထားတာရှိရင် ပိုအဆင်ပြေပါတယ်။
📌 ပြီးမြောက်အောင်မြင်ခဲ့မှု (Career Achievement)
ဘာလက်မှတ်တွေ ရထားရထား အလုပ်မှာ ပေါက်မြောက်အောင် မလုပ်နိုင်ရင်၊ မလုပ်ဖူးရင် အဆင်မပြေပါဘူး။ ပညာတတ်တာနဲ့ အလုပ်မှာ ရလဒ်ထွက်အောင် လုပ်နိုင်တာနဲ့ကလည်း အခါခပ်သိမ်းမှာ ထပ်တူကျမနေပါဘူး။ ဒါကြောင့် အလုပ်နဲ့ ပတ်သက်တဲ့ မှတ်တိုင် (Milestones) တွေ လိုအပ်ပါတယ်။
📌 အဆက်အသွယ် (Connection)
လူမှုဆက်ဆံရေး ကောင်းတာ၊ အပေါင်းအသင်း ဝင်ဆံ့တာ၊ အဆက်အသွယ် များတာတွေအပြင် ပိုအရေးကြီးတာက 'ယုံကြည်လောက်တဲ့သူ' ဖြစ်ဖို့ပါပဲ။ ကိုယ်ကျင့်သိက္ခာပိုင်းရော၊ အရည်အချင်းပိုင်းမှာပါ ယုံကြည်ရတယ်ဆို အားလုံးပြိုပျက်သွားရင်တောင် အချိန်မရွေး တစ်က ပြန်စလို့ ရပါတယ်။ Mentor လို့ ခေါ်တဲ့ ဆရာသမားကောင်းတွေ ရှိနေခြင်းဟာလည်း ကိုယ့် Career အတွက် အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။
🔳 ဒီအချက်တွေကတော့ ကိုယ့်ရဲ့ Career Capital ထဲမှာ ရှိနေသင့်တဲ့၊ မဖြစ်မနေ ထည့်ထားရမဲ့ အချက်တချို့ ဖြစ်ပါတယ်။ ဘာကိုပဲလုပ်လုပ်၊ Job လို့ မမြင်ဘဲ ရေရှည်ကို စဉ်းစားပြီး Career လို့ မြင်လိုက်ပါ။ အလုပ်နဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ၊ စိတ်အားထက်သန်မှုတွေ၊ ပြင်ဆင်သင့်တဲ့အရာတွေ လုံးဝကွဲပြားသွားပါလိမ့်မယ်။
Learn with PT
24 Feb 2024
#careercapital #learnwithpt
ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး
ရေစက်ကြောင့်ဆုံခဲ့ပေမယ့် ဖူးစာမပါလို့
ဝေးသွားတာပဲလေ။
အကယ်၍ …
မေတ္တာချင်းထက်တူမကျလို့ ကျွန်တော်ကို
စွန့်ပစ်ခဲ့တာပဲ ဖြစ်ဖြစ် ..!!
အရင်လူရောက်လို့ ကျန်လူ
ဖြစ်ရတာပဲ ဖြစ်ဖြစ်ပါ။
ကျွန်တော်တို့ ဖုန်းပြော စာပို့ခဲ့တာလေးတွေကအစ
မှတ်မှတ်ရရ ကျွန်တော် အမြဲသိမ်းထားမှာပါ။
နောက်ဆို ကျွန်တော်တို့နှစ်ယောက်
ဘယ်တော့မှ ပြန်မဆုံနိုင်တော့မှာဖြစ်လို့
အစစအရာရာ ဂရုစိုက်ပါနော်။ ။
လူတစ်ယောက်ကို ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပေးဖို့ မမေ့သင့်ပါဘူး ❤❤
တချို့ ရှိတယ်လေ ။
ချစ်တယ် လို့ ပြောပြီး ပိုင်ဆိုင်ခွင့်ရပြီးရင်
ဂရုစိုက်ပေးဖို့ ၊ ကြင်နာပေးဖို့ကျ
မေ့ပစ်လိုက်တတ်ကြတယ် ။
'' ကျွန်တော်က ရင်ထဲကပဲ ချစ်တတ်တယ် ။
အပြင်ကို ထုတ်မပြတတ်ဘူး'' ဆိုတဲ့ စကားလုံးတွေဟာ တစ်ကယ်တမ်းကျ တစ်ဖက်သူရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးလေး
နေချင်သလိုနေနေတာကို ပြနေတာပါပဲ ။
ဒီလိုလူမျိုးတွေနဲ့ ရည်းစားသွားဖြစ်တဲ့သူတွေကတော့ အလွန်သနားဖို့ ကောင်းပါတယ် ။
ရည်းစားထားရတာ အမည်ခံလေး တစ်ခုလေးပဲ
ရှိနေသလိုပဲ။
သူတို့ ချစ်သူဆီက ရချင်တဲ့
ဂရုစိုက် ကြင်နာမှုတွေဆိုတာ
စိတ်ထဲမှာ ငတ်မွတ်တောင့်တနေပေမဲ့
လျစ်လျူ ရှု ခံနေရတာလေ ။
စိတ်အဆင်မပြေတိုင်း
ခိုဝင်လို့ရမယ့် ရင်ခွင်တစ်ခုထက်
မျက်ရည်တွေပဲ ကျစေတဲ့ ရင်ခွင်ဖြစ်နေခဲ့ရတာ။
ဒါ့ကြောင့် ကိုယ့်ဘက်က ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပြရပါမယ် ။
ကိုယ်ချစ်ရတဲ့သူကို ကိုယ်ရှိနေလျက်နဲ့
တစ်ယောက်တည်း lonely မဖြစ်စေပါနဲ့။
ကြင်နာမှုနဲ့ နွေးထွေးမှု လေးတွေကို ကိုယ်ချစ်ရတဲ့သူကို ပေးနေဖို့ မမေ့နေသင့်ပါဘူး ။