2 yrs - Translate

ရည်ရွယ်ချက်ချင်းမတူလို့ပါ >>>>>>>>>>>>>>>>>>>>>>

တစ်ခါက ပျားတစ်ကောင်နဲ့ ယင်ကောင်တစ်ကောင်ဟာ ပျံသန်းလာရင်း လမ်းမှာတွေ့ဆုံကြတဲ့အခါ ပျားက လမ်းလွှဲသွားတယ်။

ဒါကို ယင်ကောင်က ရိပ်မိတော့ ပျားကိုပြောတယ်။

(ယင်ကောင်)>>>"ဟ့ကောင်ပျားး မင်းက ဘာလို့ ငါ့ကို ယှဉ်မသွားတာလဲ"

(ပျား)>>>"မင်းအနားကို မကပ်ချင်လို့ပေါ့"

(ယင်ကောင်)>>>"ဘာလဲ ငါက နူနေလို့လား"

(ပျား)>>>"မဟုတ်ဘူး၊ ငါတို့ရဲ့သဘာဝက မတူညီလို့ပါ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင်တွေနဲ့ပျံသန်းရတာပါပဲ။ ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဖြစ်ထိုက်ဘူး။ ပျားဆိုတဲ့ငါတို့က ပန်းဝတ်ရည်တွေကို ပျားရည်အဖြစ် ပျားအိမ်မှာစုဆောင်းကြတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေကြားမှာပဲ ပျော်မွေ့ကြတယ်။ ငါတို့ပျားတွေက တစ်ဖြောင့်တည်းပျံသန်းတယ်။ မင်းတို့က တဝဲလည်လည်ပျံသန်းကြတယ်။ ငါတို့ပျားတွေက ကိုယ် စုပ်ယူမယ့်ပန်းခင်းကို တစ်ပတ်ပတ်ပြီးမှ စုပ်ယူတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်ကြေးတွေဆီ တစ်ရှိန်ထိုးပျံသွားကြတယ်"

(ယင်ကောင်)>>>"ဒါပေမဲ့ ငါတို့က မင်းတို့လို လူတွေကို အဆိပ်နဲ့မတုံ့ပြန်ပါဘူး"

(ပျား)>>>``ငါတို့အဆိပ်က ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့ သဘာဝကပေးထားတာ။ ငါတို့ပျားတွေက ချွေးနံ့ကိုမုန်းတယ်၊ အညစ်အကြေးတွေကို ရွံတယ်။ တကယ်တော့ မင်းတို့ယင်ကောင်တွေရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကသာ လူတွေကို အန္တရာယ်ဖြစ်စေတာပါ။ မင်းတို့နဲ့ငါတို့ကြားမှာ မတူညီတဲ့ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ရပ်တည်မှုတွေရှိတယ်။ "ဒါကြောင့် မင်းလည်း မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ၊ ငါလည်း ငါနှစ်သက်တဲ့ သာယာအေးချမ်းခြင်းတွေမှာပဲ ပျော်တော့မယ်"

ဘဝဆိုတဲ့အရိပ်အောက်မှာ တူရာစုကြတယ်ဆိုပေမဲ့ ယင်ကောင်လို အညစ်အကြေးတွေထဲမှာပဲ ပျော်မွေ့တဲ့သူတွေလည်းရှိတယ်။ ပျံသန်းပုံ၊ ရပ်တည်ပုံမတူညီကြတဲ့ဘဝမှာ ကိုယ်က ဘယ်လိုဘဝမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့လိုတယ်

ဒါကြောင့် ကိုယ်နေ့တိုင်းဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ ခံယူချက်နဲ့ ရပ်တည်ပုံချင်း မတူညီမှုတွေ ရှိနေတတ်ပါတယ်။

ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်သင့်ဆုံးလဲဆိုတာ ဒီစာဖတ်မိတဲ့ သူတိုင်း ခွဲခြားသိမြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။


မောင်သာချို# credit

image
2 yrs - Translate

🌿 လူအများစု မသိသေးသော ဝါးပင်အကြောင်း သိကောင်းစရာ
🌿ဝါးပင်သည် ရေညှိရေမှော်ပင်မှတဆင့် ဖြစ်ပေါ်လာသော မြက်ကြီးပင်ဖြစ်ပြီး ဝါးပင်
အလေးချိန်၏သုံးပုံတပုံကို ဇီဝမြေသြဇာ
အဖြစ် ခြွေချပေး၍ ဝါးပင်ရှိသော ဧရိယာမှာ
မြေသြဇာအထူးကောင်းမွန်ပါသည်။။ ဝါးပင်သည် ဖုန်စုတ်ယူအား
ကောင်းသည်။ဝါးရွက်တွင် အဏုဇီဝပိုးများ
ရှင်သန်ပေါကျဖှားပွီး ထိုပိုးမွှားများသည်
အပင်များရှင်သန်ရန် အကောင်းဆုံး ဇီဝ
မြေသြဇာဖြစ်သည်။
မြေအောက်ရေကိုထိန်းသိမ်းပေးပြီး မြေဆီ
လွှာများ မိုးရေနောက်ပါမသွားအောင်
များစွာသောအမြစ်များက ထိန်းသိမ်းထား
သည်။သေးငယ်သောအရွက်များအပေါ်သို့
ကျလာသောမိုးပေါက်များကို အမှုန်အမွှား
အဖြစ် ပြောင်းလဲပေးပြီး မြေပေါ်သို့ကျစေ၏
ဝါးပင်သည် အခြား
သော အပင်ထက် အောက်ဆီဂျင် ၃၅
ရာခိုင်နှုန်း ပိုမိုထုတ်နိုင်သည်။ ဝါးတဟက်
တာ စိုက်ပျိုးထားသောခြံသည် ကာဗွန်တန်
၂၀၀ ဆာလဖာဒိုင်အောက်ဆိုက် တန်၆၀
မှ၉၀ ဖုန်မှုန့်တန် ၆၀မှ စုပ်ယူနိုင်သည်။

ဝါးပင်စိုက်ပျိုးထားခြင်းဖြင့်သင့်နှင့်သင့်
ပတ်ဝန်းကျင်တွင်သန့်ရှင်းသောလေကိုရရှိစေသည်
ဝါးပင်သည်ဖုန်မှုန့်စုတ်ယူမှုအားကောင်းသောကြောင့်
သန့်ရှင်းသောပတ်ဝန်းကျင်ကိုရရှိစေသည်

image
2 yrs - Translate

တရုတ်ပြည်မှာ 3.8 billionsကုန်ကျခံ တည်ဆောက်မယ့် ရထားဘူတာကြီးရဲ့ ပုံကြမ်း ပါတဲ့ ။
ဘာ ပုံစံလေးလဲ ဆိုတာတော့ အမျိုးသမီးထု ကြီးပဲ နားလည်သဘောပေါက်လွယ်မှာ ဖြစ်ပါတယ်။😄

photoCrd#

image
2 yrs - Translate

ယော||င်္ကျားလေးအတော်များ"က လမ်းခွဲပြီးသွားတဲ့နောက်မှ နောင်တရတတ်ကြတယ် ။

မိန်းကလေ:တွေကကျ အစပိုင်းမှာမချစ်ပင်မဲ့ နောက်ပိုင်းမှာ မျက်ရ"ည်ကျရလောက်တဲ့ထိ ချစ်ပေးကြတယ် ။

ယော||င်္ကျားလေးဘက်က တန်ဖိုးမထားတတ်တဲ့အခါ အဆုံးမှာ နောင်တရပြီးတော့ တခြားသူလက်ထဲရောက်သွားတာကိုပဲ ကြည့်နေခဲ့ရတယ် ။

မိန်းကလေ:ဘက်ကတော့ ကို့ပေါ်တန်ဖိုးမထားတဲ့လူကို စွန့်လွှတ်ပြီး တစ်ခြားသူလက်ထဲ လှပစွာ ရှင်သန်နေလေတယ် ။

လောကကြီးကတရားပါတယ် တန်ဖိုးထားတတ်ကြပါစေ ။

2 yrs - Translate

မေတ္တာင"တ်နေသူအချင်းချင်းဆုံကြရပြီဆို အဲ relationship လေးက သူ့အလိုလို အေးချမ်းလာပါတယ် . . .။

image
2 yrs - Translate

အနာဂတ်မှာ ဘာဖြစ်ချင်လဲလို့ မေးရင်
ဟိုဟာ ဒီဟာဖြစ်ချင်တယ်လို့ မပြောတော့ဘူး။

ပျော်ရွှင်ချင်တယ်ပဲ ဖြေမိတော့တယ်။

ဘယ်နေရာ ဘယ်အခြေနေမှာ ဘာပဲလုပ်လုပ်

ပျော်ရွှင်မှုရှိတဲ့ အရပ်မှာ
ကိုယ်ချစ်တဲ့ သူတွေနဲ့ပဲ ရှိချင်တော့တယ်။

image
2 yrs - Translate

အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတတ်တယ်။
အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်။
အရိပ်သေးသေးလေးတစ်ခုရှိတယ်။
နေရာတစ်နေရာစာ ကိုယ့်အတွက်ရှိတယ်။
အမေချက်တဲ့ဟင်းတွေရှိမယ်။
မခမ်းနားပေမယ့်
ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီမလား။
တချို့ညတွေမှာ အိမ်ပြန်ချင်တယ် ။

💭

image
2 yrs - Translate

ချစ်ခြင်း မေတ္တာကို ယုံလား လို့ မေးရင်“အင်း”လို့ပဲ ကျွန်တော်ဖြေမိမှာပါ
ဒါပေမဲ့… ကျွန်တော် တကယ် မယုံပါဘူး
ကျွန်တော်တို့ဟာ တစ်ဖက်လူက
ကိုယ့်ကို တကယ် ချစ်တာလား
မချစ်တာလား မသိနိုင်ဘူးလေ
ပါးစပ်က ချစ်တယ်လို့ တစ်ဖွဖွ ပြောနေပေမယ့်
တကယ်တမ်းကျ မချစ်တာလည်း ဖြစ်နိုင်တာပဲ ။

image
2 yrs - Translate

ဟုတ်ပါတယ် ဂိမ်းမင်းဖုန်းတွေနဲ့ လူသိများတဲ့ Black Shark က ထုတ်ပြထားတဲ့လက်စွပ်ပါ

တစ်ခါအားသွင်း ရက် ၁၈၀ ဆိုတော့ ၆ လ နီးပါးအားခံမဲ့လက်စွပ်ပါတဲ့

Samsung Galaxy Ring ကလဲ လာတော့မယ် ၊ Apple Ring လဲသတင်းထွက်နေချိန် Black Shark က စျေးကွက်ထဲကို
ပို့ဖို့ကြံနေပုံပဲ

အထူက 2.2mm ရှိမယ် ဘာတွေလုပ်နိုင်မလဲ နှလုံးခုန်နှုန်းတိုင်းတာ ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာ ၊ ခန္ဓာကိုယ် အပူချိန်တိုင်းတာတွေ စတဲ့ Health Monitoring လုပ်နိုင်မတဲ့

အရောင်က အနီ ၊ အနက် လာမယ် လက်စွပ်ကို အားသွင်းဖို့က ဗူး ပါဝင်ပါမယ်...

image
2 yrs - Translate

#အမေဆိုတာက
ကိုယ်ဘာတွေကြိုက်တတ်တယ်
ဆိုတာ မှတ်ထားပြီး
ကိုယ်မထင်မှတ်ထားတဲ့
အချိန်မျိုးမှာ
ချက်ကျွေးတတ်တယ်။

#အမေဆိုတာက
ကိုယ်က အမေပြန်လာရင်
ဟိုဟာလေး ဝယ်ခဲ့
ဒီဟာလေးဝယ်ခဲ့လို့ မှာတိုင်း
ဝယ်ခဲ့မှာ မဟုတ်တဲ့ပုံမျိုးနဲ့
ပြန်လာရင် ကိုယ်မှာတာကို
မရရအောင် ဝယ်ခဲ့ပေး
တတ်တယ်။

#အမေဆိုတာက
ကိုယ်ကြိုက်တဲ့
အရောင်အသွေးလေးတွေ
မှတ်ထားပြီး
ကိုယ်ကြိုက်မယ်ဆိုတဲ့
အရာလေးတွေကို
အဲ့ဒီ အရောင်လေးတွေ အတိုင်း
ဝယ်ပေးတတ်တယ်။

#အမေဆိုတာက
ကိုယ်နဲ့ အပြန်မလှန်
စိတ်ကောက်နေရင်တောင်
ကိုယ့်ကိုယ် ထမင်းစားချိန်
ရောက်ရင်
ထမင်းစားတော့လေလို့
သတိပေးတတ်တယ်။

#အမေဆိုတာက
ကိုယ်အပြင်သွားတိုင်း
ဖုန်းလေးတောက်လျှောက်ခေါ်ပြီး
နောက်ကျနေပြီ
ပြန်လာတော့ဆိုပြီး
အမြဲသတိပေးတတ်တယ်။

#အမေဆိုတာက
ကိုယ်နဲ့သူ တစ်ခုခုကြောင့်
စကားများပြီး
မခေါ်ကြရင်တောင်
ကိုယ်ကြိုက်တာလေး
ကိုယ်စားတတ်တာလေးဆိုပြီး
သတိတရနဲ့ဝယ်လာပြီး
အဖေဝယ်လာသလိုပုံစံမျိုးနဲ့
ပေးလိုက်ဆိုပြီး ပေးတတ်တယ်။

#အမေဆိုတာက
ကိုယ့်အဝတ်တွေ ပုံနေပြီ
ဘယ်တော့လျှော်မှာလဲလို့
ဆူပူပြီး ကိုယ်မရှိတဲ့အခါ
လျှော်လှမ်းထားပေးတတ်တယ်။

#အမေဆိုတာက
ပါးစပ်ကသာ ကိုယ့်ကိုယ်
ဆူပူနေတာ
ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့
ပြီးရင်
ကိုယ်ဖြစ်ချင်တာတွေ
ကိုယ်လုပ်ချင်တာတွေ
မှန်သမျှကို
လိုက်ဖြည့်ဆည်းပေးတတ်တယ်။

#အမေဆိုတာက
ကိုယ့်စိတ်နှလုံးနဲ့ ကိုယ်
ဖြစ်ချင်တာမှန်သမျှကို
အသိဆုံးသော
ကမ္ဘာပေါ်မှာ
ကိုယ့်အတွက် ကိုယ့်ကိုယ်
အချစ်တတ်ဆုံးသော
မိခင်ကောင်း တစ်ဦးပဲ။

သူများတွေ ကိုယ့်ကိုယ်
ချစ်တယ်ဆိုတာ
အမေ
မုန်းနေသလောက်ပဲရှိတယ်။

image