Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်သူဖေးမမူမှ မရှိလည်း
စိတ်ဓာက်မကျပါနဲ့
တစ်ယောက်ထဲလဲ တစ်ယောက်ထဲ
ဖြစ်အောင်လုပ် မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို
ကိုယ့်ဘဝ အဘိဓာန်ထဲကနေ
ထုတ်ထား ပစ်လိုက်ပြီး။
လူ့လောကထဲ ေခတ္တခိုနားဖို့
လာတဲ့လမ်းလဲ တစ်ယောက်ထဲဘဲ
လာရတာဖြစ်သလို
အပြန်ဆိုရင်လဲ အဖော်ကိုပါ
ခေါ်ခဲ့လို့မရပါဘူး။
ရှင်သန်ရတဲ့ ဘဝ ခနအတွင်းမှာ
ဘယ်သူ ဘယ်လိုမုန်းမုန်း
ကိုယ့်အပြုံးနဲ့ ကိုယ်ရှေ့ဆက်ပါ
ဘယ်သူ ဘယ်လိုတွန်းတွန်း
ကိုယ့်ဝိရိယနဲ့ ကိုယ်ရုန်းပါ။
လိုအပ်တဲ့နေရာမှာ ဖြည်းစည်းပြီး
မလိုအပ်တဲ့အရာတွေဆို
လစ်လျူးရှထားလိုက်ပါ။
ကိုယ်နောက်ကို အမြဲလိုက်နေတဲ့
အရိပ်တောင် အမှောင်ထဲရောက်ရင်
ပျောက်သွားသေးတာဘဲ ။
ကျန်တဲ့ အရာတွေရဲ့
ဒဏ်ရာ ဒဏ်ခက်တွေအားလုံးဟာလဲ
ထူးဆန်းနေလွန်းတဲ့အရာ
မဟုတ်နေတော့ပါဘူး။
ဘယ်လိုဘဲဖြစ်နေပါစေ
ကိုယ်မနောနဲ့ စစ်မှန်တဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မူနဲ့
ဘယ်လိုခက်ခဲမူတွေ လာနေပာစေ
ဘယ်လောက်ဘဲပင်ပန်း နေပာစေ
အရှုံးမပေးလိုက်ပါနဲ့ ။
ဘဝမှာအောင်မြင်ချင်ရင်
တစ်ပွင့်ထဲလဲ သတ္တိရှိရှိ ရှင်သန်ရဲရမယ်တဲ့
#motivation for you
#knowledgesharing