2 yrs - Translate

အားလုံးရဲ့ 𝐒𝐭𝐚𝐫 𝐂𝐡𝐚𝐫𝐠𝐞ကတော့ လူစည်ကားရာအရပ်ကို ရောက်ရှိလို့လာပါပြီ။
𝐄𝐕ကားချစ်သူတွေအတွက် လူကြီးမင်းတို့ ပိုင်ဆိုင်ထားတဲ့ 𝐄𝐕ကားတွေကို ခွန်အားပြည့်စေဖို့ 𝐒𝐭𝐚𝐫 𝐂𝐡𝐚𝐫𝐠𝐞ရဲ့ 𝐄𝐕 𝐂𝐡𝐚𝐫𝐠𝐞𝐫တွေဟာ လူစည်ကားရာ 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐂𝐢𝐭𝐲နဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚တွေမှာ အဆင်သင့်ရှိနေတာမို့ လာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
နောက်ပြီး 𝐄𝐕နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေကို ဖြေဆိုရင်းဆုလက်ဆောင်များကိုရယူနိုင်မယ့်အပြင် လူကြီးမင်းတို့သိလိုသမျှ 𝐄𝐕 𝐂𝐡𝐚𝐫𝐠𝐞𝐫နဲ့ပတ်သက်ပြီးတော့လည်း ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ဦးမှာပါ။
ဒါ့ကြောင့် 𝐄𝐕ကားချစ်သူလူကြီးမင်းတို့အနေနဲ့ လက်မလွှတ်သင့်တဲ့ အထူးအခွင့်အရေးမို့ ဆက်ဆက်လှမ်းလာလိုက်‌တော့နော်...
𝐄𝐕အတွက်ဆို 𝐒𝐭𝐚𝐫 𝐂𝐡𝐚𝐫𝐠𝐞!

#starchargemyanmar #supersevenstars
#junctioncity #myanmarplaza
#evcharging #evcharger
#evcar

image
2 yrs - Translate

မမြတ်လေး အလှပုံရိပ်များ။

imageimage
+5
2 yrs - Translate

EV ကားတွေနဲ့ သူတို့ပေါ် သက်ရောက်လာနိုင်တဲ့ security တွေအကြောင်းမေးလာတဲ့သူတွေရှိတယ်။

ဒီလကုန် ထုတ်ဖြစ်မယ့် TechGuard Magazine အတွဲ ၁ မှာ ပါပါမယ်။

Digital Magazine ဖြစ်ပြီး 10,000Ks နဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ (ရေရှည် သွားနိုင်ဖို့ ရည်ရွယ်လို့ 10,000Ks နဲ့ ရောင်းရခြင်းပါ)

image
2 yrs - Translate

လူတွေဟာ ဘ၀တစ်ခုတည်းနဲ့ မရောင့်ရဲကြဘူး။ ဘ၀ကို ထင်ဟပ်ပြတဲ့ စာအုပ်တွေကို ဖတ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲက ဘ၀ဟာ အပြင်က ဘ၀ထက် ပိုပြီး စုစည်း၊ ပိုပြီး သိပ်သည်း၊ ပိုပြီးလှပ ပိုပြီး ခမ်းနားလို့ပဲ။

လူဟာ သူ့တစ်ဘ၀၊ သူ့တစ်ကမ္ဘာ၊ သူ့မျိုးဆက် တစ်ဆက် အတွင်းက အတွေ့အကြုံများကိုသာ ထိတွေ့လို့ ရမယ်၊ စာအုပ်တွေထဲမှာတော့ တခြားဘ၀၊ တခြားကမ္ဘာ၊ တခြားမျိုးဆက် တဆက်က အတွေ့အကြုံတွေကိုပါ ရနိုင်တယ်။

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွေဖြစ်တယ်။

#မြသန်းတင့်

image
2 yrs - Translate

ပြိုင်မြင်း
▪ လူကြီးက လူငယ်
ဉာဏ်ကျယ်သည် မထင်။

▪ လူငယ်က လူကြီး
အချိန်စီးသည် မထင်။

▪ ခေတ်တိုင်းမှာ
အရွယ်ပဋိပက္ခ
ရှိကြစမြဲပင်။

▪ သူ့နေရာ အခါသင့်
အခွင့်တဲ့ ပေါ်လာရင်
တူယှဥ်လို့ ဆောင်စတမ်း။

▪ အနိုင်မငြင်းလေနဲ့
ပြိုင်မြင်းလို ပန်းဝင်ဦးအောင်
ကိုယ်ထူးရာ ကိုယ်ကဏ္ဍ
ပြေးကြခြေလှမ်း။

#တင်မိုးကဗျာစု

image
OgbeniMarshall changed his profile picture
2 yrs

image

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း

၇၄၀၀၀၀၀

🧈 ကမ္ဘာစျေး

2525 🌏 G

------------------------------

🇺🇲 ရန်ကုန် ၆၁၅၀-၆၂၀၀

🇹🇭 ဘတ် ၆၁၀ ~ ၆၀၀

-------------------------------
#crd

image
2 yrs - Translate

မိဘလုပ်စာထိုင်စားတဲ့ သားသမီးက
ဘယ်တော့မှ ထမင်းမင/တ်ပါဘူး😁

image
2 yrs - Translate

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးမှ ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေါတ် မြို့ဟောင်းပဲ ဖြစ်ပါတယ်

လူသူအရောက်နည်းတဲ့နေရာဆိုလည်းမမှားဘူး☘️

▪ပုသိမ်မုံရွာကားလမ်းအတိုင်းဆိုရင်ကွင်းကောက်မြို့ မရောက်ခင်၅မိုင်အလိုလောက်မှာ
တောင်ဇင်းရွာတည်ရှိပါတယ်
တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကိုလမ်းညွှန်ဆိုင်းဘုတ်အတိုင်းအတွင်းသို့၃မိုင်ခန့်ဝင်သွားလျှင်
ကြပ်ပြင်တောရသာသနာ့နယ်မြေ
ရှေးဟောင်းဂဝံမြို့ဟောင်း ကို
ရောက်ရှိပါပြီယခုအချိန်သွားလျှင် စိမ်းစိုလှပပြီးစမ်းချောင်း ကလေးနဲ့ အရမ်းသာယာတဲ့နေရာ
လေးပါရှေးဟောင်းသုတေသနဋ္ဌာနမှ
ဆရာဘုန်းတင့်ကျော်ကတော့
ဒီနေရာ ကို ပျူမြို့ဟောင်းဟု
ပြောဆိုထားပါတယ်
ဘီစီ ၃ရာစုနှင့် ၆ရာစုအတွင်း
တကောင်းခေတ်ဟုခေါ်တွင်သော
ပျူခေတ်တွင် ပျူမြို့၃၂မြို့
တပ်မြို့၉မြို့ မြို့ငယ်ပေါင်း၂၀၀ကျော်
ရှိသည့်အနက်
ပင်လယ်ပျူမြို့ဟူသောမြို့သည်
ဧရာဝတီတိုင်း အတွင်းတည်ရှိသည်ဟုဆိုပါသည်ယခုမြို့ဟောင်းသည် အင်းဝခေတ်ထက်နှစ်တစ်ထောင်ပိုစောသောပျူခေတ်လက်ရာဟု
ကောက်ချက်ချထားပါသည်

🔹အရှေ့တောင်အာရှ၏ အကြီးဆုံး
ဂဝံမြို့ဟောင်း ရှိရာ အင်္ဂပူမြို့နယ် ကြပ်ပြင်တောရ
သာသနာ့ နယ်မြေ▪🔹

CRD...........Popular Paoh Stars
photo credit to owner

image
image
image
image
image
2 yrs - Translate

ဒေသတွင်းနိုင်ငံများ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူတွေ့ရှိသဖြင့် သတိပြုရန် ပညာရှင်များသတိပေး

ရွှေနွယ်

မဇ္ဈိမ။ ။ဒေသတွင်းနိုင်ငံအချို့တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူတွေ့ရှိခဲ့၍ မြန်မာလူထုအနေဖြင့် ရောဂါလက္ခဏာများကို သတိပြုကြရန်လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးစကားပြော ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံဝင်ထွက်ပေါက်များဖြစ်သော လေ ဆိပ်နှင့် နယ်စပ်ဂိတ်များ၌ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများကို နှီးနွယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင် ရွက်ရန် ယမန်နေ့က ထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါသည် ကျောက်ကြီးရောဂါဖြစ်ပွားစေသည့်ဗိုင်းရပ်စ်နှင့် မျိုးရင်းတူသောဗိုင်းရပ်စ် အမျိုးအစားဖြစ်ကာ ကူးစက်ရောဂါတမျိုးဖြစ်သည်။ မျောက်ကျောက်ရောဂါသည် လူမှလူသို့ ကူးစက် သကဲ့သို့ တိရစ္ဆာန်မှတဆင့် လူသို့လည်း ကူးစက်တတ်သည်။ မျောက်ကျောက်ရောဂါကို ၁၉၇၀ ခုနှစ်တွင် လူသားများထံကူးစက်မှုကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း Hello ဆရာဝန်၏ မျောက်ကျောက်ရောဂါ အကြောင်း ရေးသားဖော်ပြထားသည့်ဆောင်းပါးက ဆိုသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံနှင့် အာဖရိကတိုက်ရှိနိုင်ငံများ၌ မျောက်ကျောက် ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်လာခဲ့ပြီး ကွန်ဂိုတွင် မျိုးကွဲသစ်တခု လျင်မြန်စွာကူးစက်နေကာ နယ်စပ် ဖြတ်ကျော်ပျံ့ပွားနေခြင်းဖြစ်ကြောင်း စစ်ကောင်စီကျန်းမာရေးဌာနထုတ်ပြန်ချက်၌ ဖော်ပြသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)ကလည်း ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

ကွန်ဂိုနိုင်ငံတွင်တွေ့ရှိနေရသည့်မျောက်ကျောက်ရောဂါသည် ယခင်မျိုးကွဲများနှင့်ကွဲပြားကာ ကူးစက်နှုန်း ပိုမြင့်မားသည့် ဗိုင်းရပ်စ်မျိုးကွဲ Clade 1b ဖြစ်ပြီး သေဆုံးမှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ပိုမြင့်ကြောင်း WHO ကထုတ်ပြန်ထားသည်။ ကွန်ဂို၌ ၂၀၂၄ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါကူးစက်သူ လူနာ ၁၅,၀၀၀ ကျော်ရှိပြီး ယင်းအနက်မှ လူနာ ၅၀၀ မှာ အသက်သေဆုံးထားသည်။ လက်ရှိတွင် အာဖရိကတိုက်မှ နိုင်ငံ ၁၂ နိုင်ငံ၌ ရောဂါဖြစ်ပွားမှုကို မှတ်တမ်းတင်ထားပြီးဖြစ်သည်။

“မျောက်ကျောက်ရောဂါက Monkeypox ခေါ်တာပေါ့၊ သူ့ကို ရေကျောက်ပေါက်တာနဲ့လည်း မှားတတ်ကြ တယ်။ ရောဂါလက္ခဏာက ကွဲပြားပါတယ်။ ဒါကိုလည်း သိထားကြဖို့လိုတယ် Hello ဆရာဝန်လိုမျိုး Page တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ရေးထားပါတယ်။ လက်ရှိက ဒေသတွင်းနိုင်ငံတွေမှာလည်း စတွေ့နေ ပြီဆိုတော့ မြန်မာမှာလည်း ပြည်သူတွေအနေနဲ့ လက္ခဏာတွေ၊ ကူးစက်ပုံတွေကို လေ့လာသိရှိထားသင့် ပြီ။ ကျယ်ကျယ်ပြန့်ပြန့်လည်း ပညာပေးကြဖို့လိုပါပြီ” ဟု CDM ဆရာဝန်တဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ၎င်းတို့ဝက်ဘ်ဆိုက်တွင် မျောက် ကျောက်ရောဂါအကြောင်း အသိပညာပေးမှုများ ပြုလုပ်ထားသည်။

မျောက်ကျောက်လက္ခဏာများမှာ အဖျားကြီးခြင်း၊ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများ တွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း၊ ခေါင်းကိုက်၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်သည်။ ထိုရောဂါသည် လိင်မှတဆင့် ကူး စက်ခြင်း၊ ရောဂါပိုးကပ်တွယ်နေသော အရာဝတ္တုများကိုကိုင်တွယ်ခြင်းနှင့် ရောဂါပိုးကူးစက်ခံထားရ သော တိရိစ္တာန်များနှင့်တိုက်ရိုက်ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်သည်။

လက်ရှိတွင် အာရှဒေသတွင်းနိုင်ငံများဖြစ်သည့် ပါကစ္စတန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေ သူတဦးတွေ့ရှိထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၌ လည်း မျောက်ကျောက်ရောဂါစတင်တွေ့ရှိခဲ့ပြီး ဆေးစစ်ချက်အတည်ပြုမှုကိုစောင့်ဆိုင်းနေကြောင်း CNA သတင်းဌာနကဖော်ပြထားသည်။

ထို့ကြောင့် ရောဂါဖြစ်ပွားတွေ့ရှိရာ နိုင်ငံနှင့်ဒေသများမှ ပြီးခဲ့သည့် ရက် ၂၀ အတွင်း ပြန်လာသူများနှင့်ထိ တွေ့မိခြင်းရှိထားပါက နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာခြင်းကို ရှောင်ရှားရန်နှင့် နီးစပ်ရာ ကျန်းမာ ရေးဌာနသို့ အလျင်မြန်ဆုံးသတင်းပို့ ကုသမှုခံယူကြရန် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိမတွေ့ရှိရ သေးကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်၌ ဆိုထားသည်။

စာတည်း။ ။စောဖေ

#မျောက်ကျောက်ရောဂါ
#monkeypox
#ကျန်းမာရေး
#ကူးစက်ရောဂါ

Website link >> https://bur.mizzima.com/2024/08/20/30598
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

image