43 ပတ် - ဘာသာပြန်ပါ။

WBC ဖယ်သာဝိတ်ချန်ပီယံဆု နီကိုးလ်ဆင် ဆက်ထိန်း
-----------------------
ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ကျင်းပတဲ့ အမျိုးသမီး WBC ဖယ်သာဝိတ်တန်း ပွဲစဉ်မှာ ဩစတြေးလျနိုင်ငံသူ နီကိုးလ်ဆင် အနိုင်ရပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ကစားသမားဘဝ ၁၁ ပွဲထိုးသတ်ရာမှာ ပွဲတိုင်း အနိုင်ရထားတဲ့ နီကိုးလ်ဆင်ဟာ စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့မယ် ချက်ပ်မန်းနဲ့ ထိုးသတ်ခဲ့ရတာပါ။

ချက်ပ်မန်း ကလည်း ကစားသမားဘဝ ၉ ပွဲထိုးသတ်ခဲ့ရာမှာ ပွဲတိုင်းကို အနိုင်ရထားသူဖြစ်ပြီး အခုပွဲမှာလည်း လက်ရှိချန်ပီယံ နီကိုးလ်ဆင်ကို အပြန်အလှန်ထိုးသတ်ခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ဟာ ဆော်ဒီ နိုင်ငံမှာ ထိုးသတ် ခဲ့တဲ့ ပထမဆုံး အမျိုးသမီးလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဆု လုပွဲလည်း ဖြစ်ခဲ့ပါတယ်။ ၁၀ ချီပြည့် တဲ့အထိ ယှဉ်ပြိုင် ပြီးနောက်မှာ တစ်ဖက်နဲ့တစ်ဖက် အလဲမထိုးနိုင်ခဲ့လို့ ဒိုင်လူကြီးတွေရဲ့ အမှတ်ပေးအဆုံး အဖြတ်ကို ရယူခဲ့ရာမှာ နီကိုးလ်ဆင်က အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ဧပြီလမှာ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး နောက် နီကိုးလ်ဆင်ဟာ ချန်ပီယံဆု ကာ ကွယ်ပွဲ ၂ ပွဲထိုးသတ်ခဲ့ရာမှာ ပြိုင်ဘက်တွေကို အမှတ်တွေနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်သလို အခုနိုင်ပွဲကြောင့် သူမရဲ့ ကစားသမားဘဝ မှတ်တမ်းမှာလည်း ၁၂ ပွဲအထိ ပွဲတိုင်းအနိုင်ရတဲ့ မှတ်တမ်း ကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

imageimage

43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
43 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image