49 w - Translate

Chase goals not people.

image
49 w - Translate

Chase goals not people.

image
49 w - Translate

Chase goals not people.

image
49 w - Translate

Chase goals not people.

image
image
image
image
49 w - Translate

တစ်နိုင်ငံလုံးလဲဆရာကြီးတွေချည်းပဲကွာ
မပျော်တော့ဘူး 😂

image

ငါးခူငါးဆုပ်ဆီလည်ရေလည်အချဉ်ချက်

ဆီပြန်ဟင်း မစားချင်သူများအတွက် ငါးခူငါးဆုပ်ဆီလည်ရေလည်အချဉ်ချက်လေးပါ
ငါးခူ၊ ငါးဖယ် ၊ ငါးဘက် တို့နဲ့ချက်စားနိုင်ပါတယ်
မွန်တလိုင်းဟင်းလို့လည်းခေါ်ကြပါတယ်

ဆီအနည်းအများကတော့ကိုယ်ချက်ချင်သလို
ချိန်ဆနိုင်ပါတယ်

ချက်နည်းလေးရေးပေးပါမယ်
ငါးခူတွေကိုအသားလွှာပြီးပါးပါးလှီးပါ
ပြီးရင် ငရုတ်ဆုံထဲမှာကြက်သွန်ဖြူ ဂျင်း စပါးလင်ပါးပါးလှီး
အချိုအငန်အရသာ ထည့်ကာစေးကပ်လာအောင်
ထောင်းပါ
အနံ့မွှေးတာကြိုက်ရင်
ရှမ်းနံနံရွက်ကိုပါးပါးလှီးထည့်ထောင်းပါ
ထောင်းပြီးတဲ့ငါးတွေကိုဆန်လှော်မှုန့်အနည်းငယ်နဲ့
ရောနယ်ပြီးအလုံးလေးတွေလုံးထားပါ ချက်မယ့်အိုးထဲ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီးဆီသပ်ပါ
စပါးလင်နှစ်ပင်လောက်ထုထည့်ပါ
ကြက်သွန်တွေနွမ်းပြီဆို
မဆာလာထည့် မန်ကျည်းရည်ကျဲကျဲထည့်
အချိုအငန်အရသာထည့်ပြီးပွက်ပွက်ဆူအောင်ချက်ပါ လုံးထားတဲ့ငါးတွေထည့်ပြီးချက်ပါ
ဆယ်မိနစ်လောက်ချက်ရင်ရပါပြီ
ကြိုက်တက်ရင်တော့ ငရုတ်သီးစိမ်းအုပ်ပါ
ငါးဖယ် ငါးဘတ် တို့နဲ့လည်းဤနည်းအတိုင်းချက်
နိုင်ပါတယ်
အရသာရှိတဲ့ဟင်းတစ်ခွက်ပါ

image

ငါးခူ ငါးဆားနယ် အချဉ်ဆီပြန်

ပါ၀င်ပစ္စည်းများ
ငါးခူ - 500 g
ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ကြက်သွန်နီ - အနေတော် တစ်လုံး
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံး
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ငါးဆားနယ်လုပ်ရန်
ငါးခူ ကီလိုဝက်ကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နယ်ပြီး စင်အောင်ဆေးပေးပါ။
ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
နှစ်ရက်သုံးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ဟင်းကို ရမှာဖြစ်ပါတယ်။
တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားမှာမို့ ချက်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ချက်စားပါ။

ပြင်ဆင်ပုံ
အရင်ဆုံး ငါးခူဆားနယ်ကို အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
အငံကြောက်ပါက ရေနှင့် လေးထပ်လောက် သေသေချာချာ ‌ေရဆေးပေးပါ
အားလုံးပြီးပါက ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေလှီးပြီး ရေစင်အောင် တစ်ထပ်လောက် ထပ်ဆေးပေးပါ
မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနေတော်နှင့် စိမ်ထားပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ကြက်သွန်နီးကို အခွံခွာပြီး ရေဆေးထားပါ
ပြီးတာနဲ့ ကြကသွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
အဆင်သင့် ဖြစ်ပြီဆိုပါက ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအပူပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်ထောင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်အနံ့ မွှေးလာပါက ငါးဆားနယ်ကိုထည့်ပြီး မွှေပေးပါ
ငါးအသားများ အရောင်ပြောင်း လာတဲ့အထိ ဆီသတ်ပေးပါ
ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်ပေးပါ
ငါးအသား မာလာပါက အရသာမှုန့်နှင့် ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက မကျည်းမှည့် အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
ဆီပြန်လာပါက ထမင်းစားမြိန်စေတဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

image

image
ju jok added new photos to kp
49 w

image
ju jok changed her profile picture
49 w

image