41 w - Translate

Every tattoo has its own story 🖤✨

image
41 w - Translate

Every tattoo has its own story 🖤✨

image
41 w - Translate

Every tattoo has its own story 🖤✨

image
41 w - Translate

Every tattoo has its own story 🖤✨

imageimage
+4
41 w - Translate

လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ထိုင်းအသင်းသို့ပြန်လာပြီ

ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့ပြီး‌နောက် အနားယူနေရသည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူအနေဖြင့် ၎င်း ၏ အသင်းဖြစ်သည့် အူထိုင်းဌာနီအသင်းနှင့် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် စက်တင်ဘာလအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ရက်သတ္တပတ် (၃)ပတ်မှ (၆)ပတ်အထိ အနားယူနေရာမှ ယမန်နေ့တွင် အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ် သည်။

အောင်သူသည် ဒူးဒဏ်ရာကာလရှည်ခံစားနေရခြင်းဖြစ်ပြီး ယခင် လမ်ဖွန်ဝါရီယာအသင်း၌ ကစားနေစဉ်ကပင် ခွဲစိတ်ကုသရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မခွဲစိတ်ဖြစ်ဘဲ ယခုမှသာ ခွဲစိတ်ကုသမှုခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒူးဒဏ်ရာခွဲစိတ်ခံနေရသည့်အတွက် လက်ရှိကစားနေသည့် အူထိုင်းဌာနီအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်များအတွင်း ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

အူထိုင်းဌာနီအသင်းသည် နည်းပြသစ်ဖြစ်သူ ဆာဘီးယားနည်းပြ မီလိုဂျော့ဆစ် ပြောင်းလာပြီးနောက် ထိုင်းလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာတွင် ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်သည်။

image
41 w - Translate

ဂမ်ဘီယာ/ဆွတ်ဇလန် ဖိုက်တာဖြင့် ပြိုင်မည့် ရိုးရာလက်ဝှေ့ကျော် အဲမွီ ဆေးစစ်ဝိတ်ချိန်မှု ပြီးစီး

ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ရိုးရာလက်ဝှေ့ကျော် အဲမွီ ယနေ့အောက်တိုဘာ (၂၄) ရက် နံနက်ပိုင်းအချိန်တွင် ဆေးစစ်ဝိတ်ချိန်မှု ပြီးစီးခဲ့ကြောင်း ၎င်း၏ အုပ်ချုပ်သူနည်းပြတစ်ဦးက ဆိုသည်။

၎င်းတို့ နှစ်ဦးအနေဖြင့် အောက်တိုဘာ(၂၅)ရက်(မနက်ဖြန်) ည(၇) နာရီခွဲအချိန်၌ One Friday Fights 84 ပွဲစဉ်အတွင်းယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။

One Friday Fights 84 ပွဲစဉ်တွင် ရိုးရာဖိုက်တာ အဲမွီအပါအဝင် မြန်မာကိုယ်စားပြု မွေထိုင်းဖိုက်တာ ဆွန်ရက်ကလည်း ဂျပန်နိုင်ငံသားဖိုက်တာဖြင့် အသီးသီးယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ရိုးရာဖိုက်တာ စောအဲမွီအနေဖြင့် ONE တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသ-တ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် လေ့ကျင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ One Friday Fights 84 ပွဲစဉ်၌ တွဲဆိုင်းပေါင်း (၁ ၂) ဆိုင်းပါဝင်သည့်အနက် မြန်မာကိုယ်စားပြု တွဲဆိုင်း (၂) ဆိုင်း ပါဝင်နေခြင်းလည်းဖြစ်သည်။

image
41 w - Translate

(၅)ရက်ကြာ ပြုလုပ်နေသည့်ဖီဖာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာတက်ရောက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရေးအတွက် အောက်တိုဘာ (၂၁)ရက်မှ (၂၅) ရက်အထိ (၅)ရက်ကြာ ပြုလုပ်နေသည့် ဖီဖာအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းစနစ်ဒါရိုက်တာ မိတမီချီတဲရိုတို့တက်ရောက်နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို လတ်ဗီးယားနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကာ ဖီဖာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာရေးအပါအဝင် နည်းစနစ်ဒါရိုက်တာ အသစ်များ၏ လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများ ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း MFF က ယနေ့ အသိပေးထားသည်။

ဆွေးနွေးပွဲသို့ ဆွီဒင်၊ ချီလီ၊ ကနေဒါ၊ အီကွေတိုရီယယ် ဂူနီယာနှင့် မြန်မာနိုင်ငံမှအထွေထွေအတွင်းရေးမှူးအသစ်များ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းများအနေဖြင့် ဖီဖာ (FIFA)က ဦးဆောင်ကျင်းပသည့် ပြိုင်ပွဲများ ၊ ကမ္ဘာ့ဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲများနှင့် အခြား ခြေစမ်းပွဲများကို သက်တမ်းအလိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားလျှက်ရှိသည်။

image
41 w - Translate

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီမံကိန်းများ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ (Quick Impact Projects-QIPs) အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာ ၅ ခုကို အောက်တိုဘာ ၂၄ ရက် ည‌နေပိုင်းက မြန်မာ-အိန္ဒိယတာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်း အခမ်းအနားကိုကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာများတွင် ဒစ်ဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်း၊ အပူပိုင်းဒေသ မိုးခေါင်ရေရှားကျေးရွာများတွင် ဆိုလာစွမ်းအင်သုံး ရေထောက်ပံ့ရေးလုပ်ငန်းများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တု ဓာတ်ခွဲခန်းတည်ဆောက်ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ လောင်စာထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနစီမံကိန်းများ ပါဝင်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒု-အကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ကို သက်သေထား၍ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

image
41 w - Translate

ပရီးမီးယားလိဂ်သည် အဆင့်တစ်ခုတွင်ရှိနေဆဲဖြစ်ကြောင်း မော်ရင်ဟို သုံးသပ်
---------------------
ပရီးမီးယားလိဂ်က တခြားဥရောပအမှတ်ပေးပြိုင်ပွဲတွေနဲ့ မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေဆဲဖြစ်တယ်လို့ တူကီယဲ ကလပ် ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ်မတိုင်ခင်မှာ မော်ရင်ဟိုက အခုလိုမျိုးပြောသွားခဲ့တာပါ။ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ မန်ယူအသင်း ကို ၂ နှစ်ခွဲကြာ တာဝန်ယူခဲ့ဖူးသလို မန်ယူအသင်းနဲ့အတူ ၂၀၁၇ မှာ ယူရိုပါလိဂ်ဆုဖလားကို ရရှိထားခဲ့သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ မန်ယူနဲ့ စပါးအသင်းတွေကို တာဝန်ယူခဲ့ဖူးတဲ့ မော်ရင်ဟိုက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ကျန်တဲ့ ဥရောပထိပ်တန်းလိဂ်တွေအနေနဲ့ လိုက်မီနိုင်ဖို့က အဆင့် တစ်ခု လိုအပ်နေပါသေးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားခဲ့တဲ့ မော်ရင်ဟိုဟာ မန်ယူအသင်းနဲ့တော့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်မှာ ဒုတိယသာ ရခဲ့တာဖြစ်ပါ တယ်။

၂၀၁၇-၁၈ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကလည်း လက်ရှိမှာ စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ စွဲချက်တင် စစ်ဆေးခံထားရပြီး အပြစ်ရှိကြောင်းတွေ့ခဲ့ရင် ချန်ပီယံဆုတွေ ရုတ်သိမ်းခံရဖွယ်ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ နည်း ပြဘဝ ၄ ခုမြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေဆဲပဲလို့လည်း မော်ရင်ဟိုက ပြောဆိုထားပါတယ်။

image
41 w - Translate

ခက်ခဲသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ပီရက်ဇ် ဝန်ခံ
------------------
ရက်ဘူးလ်အသင်းရဲ့ မက္ကဆီကိုဒရိုင်ဗာ ဆာဂျီယို ပီရက်ဇ်က ဂရင်းပရီနိုင်ပွဲရဖို့ကို ရုန်းကန်နေရတဲ့ ၂၀၂၄ ခုနှစ်က သူ့အတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပဲလို့ ဝန်ခံသွားခဲ့ပြီး ရာသီလက်ကျန်ပွဲတွေမှာနိုင်ပွဲရဖို့ကို ကြိုးစားသွားမယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးကို ရောက်ရှိနေချိန်မှာ ပီရက်ဇ်က အခုလိုမျိုး ပြောသွားခဲ့တာဖြစ်ပါတယ်။ ပီရက်ဇ် ဟာ အခုရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ရမှတ် ၁၅၀ နဲ့ အမှတ်ပေးဇယား အဆင့်- ၈ နေရာမှာရပ်တည်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရက်ဘူးလ်အသင်းဖော် မက်စ် ဗာစတက်ပန်နဲ့ အမှတ်ကွာဟချက် တော် တော်လေးကို ကြီးမားနေ တာဖြစ်ပါတယ်။ ရာသီအစပိုင်း ဂရင်းပရီပွဲစဉ် ၅ ခုမှာ ပီရက်ဇ်ဟာ ဒုတိယ ၃ ကြိမ်နဲ့ တတိယ ၁ ကြိမ်စီရခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ရလဒ်ကောင်းရဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

၂၀၁၁ မှာဖော်မြူလာဝမ်း ဒရိုင်ဗာ ဘဝကို စတင်ခဲ့တဲ့ ပီရက်ဇ်ဟာ ကစားသမားဘဝ ဂရင်းပရီပွဲစဉ် ၆ ပွဲ အနိုင် ရထားခဲ့ဖူးတာဖြစ်ပါတယ်။ အခုရာသီ ဖော်မြူလာ ဝမ်းပြိုင်ပွဲ ပြီးဆုံးဖို့က ဂရင်းပရီပွဲစဉ် ၅ ခုသာ ကျန်ရှိတော့ တာဖြစ်ပြီး ပီရက်ဇ်က နိုင်ပွဲရဖို့ကို မျှော်လင့် နေတာလည်း ဖြစ်ပါတယ်။

image