Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Myanmar Women League 2024 သွင်းဂိုးအများဆုံးဆု ရယူသွားမည်ဟု ISPE အသင်းတိုက်စစ်မှူး လင်းမြင့်မိုရ် ပြော
Myanmar Women League 2024 အမှန်ပေးဘောလုံးပြိုင်ပွဲအပြီး သွင်းဂိုးအများဆုံးဆု ရယူသွားမည်ဟု ISPE အသင်းတိုက်စစ်မှူး လင်းမြင့်မိုရ်က နိုဝင်ဘာ (၈) ရက်တွင်ပြောကြားသည်။
"ဒီနှစ် ISPE အသင်းအတွက် ဂိုးသွင်းအများဆုံးဆု ယူပေးဖို့ စီစဉ်ထားပါတယ်။ ရမယ်လို့လဲ ယူဆထားပါတယ်" ဟု ၎င်းက ဆိုသည်။
တိုက်စစ်မှူး လင်းမြင့်မိုရ် ကစားနေသည့် ISPE အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားကြရဦးမည်ဖြစ်ရာ ထိုပွဲစဉ် အတွင်း ၎င်းအနေဖြင့် သွင်းဂိုးထပ်မံ ရရှိပါက ယခုနှစ်အတွက် သွင်းဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမားဆုကို ဆွတ်ခူးမည်ဖြစ်သည်။
လက်ရှိတွင် ၎င်းအနေဖြင့် ပွဲစဉ်တလျှောက် သွင်းဂိုး (၁၉) ဂိုးသွင်းယူထားနိုင်သလို ၎င်းနှင့်အပြိုင် ဧရာဝတီအသင်း တိုက်စစ်မှူး စန်းသော်သော်ကလည်း သွင်းဂိုး (၁၉) ဂိုးသွင်းယူထားသည်။
သို့သော် ဧရာဝတီအသင်းအနေဖြင့် ပြိုင်ပွဲဝင်ရန် မရှိတော့သည့်အတွက် တိုက်စစ်မှူး စန်းသော်သော်မှာ သွင်းဂိုး(၁၉) ဂိုးဖြင့် ရပ်တန့်ခဲ့ရသည်။
ပြီးခဲ့သည့် Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ISPE အသင်းမှ ခင်မာလာထွန်းနှင့် မြဝတီ( ယခု ဧရာဝတီ အသင်း)မှ စန်းသော်သော်တို့က သွင်းဂိုး (၁၆) ဂိုးစီဖြင့် ပူးတွဲရရှိခဲ့ကြသည်။
မြန်မာ - ဗီယက်နမ် ကုန်စည်ပြပွဲ (၃)ရက်ကြာကျင်းပမည်
မြန်မာနိုင်ငံတွင် စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်၍ မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲကို (၃)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ပြပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ပြပွဲသို့ Vinatoken Renewable JSC Co.,Ltd ၏ CEO ဖြစ်သူ Mr. Lai Nguyen တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲသို့ လာရောက်စဉ်အတွင်း ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စိမ်းလန်းသော စွမ်းအင် ကဏ္ဍတို့တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ၏ လက်ရှိဈေးကွက်အခြေအနေနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ စည်းမျဉ်းများအား သိရှိလေ့လာနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်သည့် အလားအလာရှိသော အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
“မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ-၂၀၂၄” ပြပွဲ ကျင်းပနေစဉ်ကာလအတွင်း စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ပုံစာ - ၂၀၁၉ ခုနှစ် တပ်မတော်ခန်းမ၌ Vietnam Expo In Myanmar 2019 ကုန်စည်ပြပွဲ