46 w - Translate

ဒီနှစ် လာခိုးမယ့်သူမရှိလည်း
နောက်နှစ်တော့ လာခိုးမယ့်သူရှိပါစေနော်...🤭

#သူခိုးကြီးည
#တန်ဆောင်မုန်းလပြည့်ည

image
46 w - Translate

သူခိုးကြီးည သို့မဟုတ် ကျီးမနိုးပွဲ 🌝🌌

ရှေးမြန်မာ‌တွေရဲ့ ထိုးကွင်းထိုးကြတဲ့ ဓလေ့ကို သိကြမှာပါနော်။ အဲ့လို ထိုးကွင်းမှင်ကြောင်ထိုးကြတဲ့အခါ သီတင်းကျွတ်လပြည့်နေ့မှာ ထိုးလေ့ရှိကြပါတယ်။

တန်ဆောင်မုန်းလပြည့်ညရောက်တဲ့အခါ ကောင်းကင်ယံမှာ နက္ခတ် ၂၇ လုံး စုံညီတာမို့ ဆေးအာနိသင်တွေ နိုးကြွား ထက်မြက်တယ်လို့ ယူဆကြပြီး ဆေးအုပ်၊ မှော်ထပ်အုပ်ကြပါတယ်။

ဆေးဆရာကြီးတွေက ဆေးအုပ်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် နေ့ည‌ရောက်တာနဲ့ ထိုးကွင်း စွမ်း/မစွမ်း သိရဖို့ အိမ်ရှင်တွေမသိအောင် လျှောက်ခိုးခိုင်းပါတယ်။

ရလာတဲ့ပစ္စည်းတွေကို ရွာသူကြီးအိမ်ရှေ့မှာ ပုံထားရတယ်။ တကယ်လို့ ခိုးတာမိသွားတဲ့သူတွေကိုလဲ မှတ်ထားရတယ်။ နောက်နေ့မနက်မှာ ကိုယ့်ပစ္စည်းကို ရွာလူကြီးအိမ်မှာ ပိုက်ဆံနဲ့လာရွေးရတယ်။

ပစ္စည်းတန်ဖိုးအလိုက် ရတဲ့ငွေကို အလှူငွေလို့သတ်မှတ်ပြီး သင်္ဃန်းပရိက္ခရာ ဝယ်တယ်။ ပြီးရင် ခိုးလို့မိတဲ့သူတွေကို သာမေဏ ဝတ်ပေးကြတယ်။

တကယ်တော့ သူခိုးကြီးညမှာ ခိုးတယ်ဆိုတာက အကုသိုလ်ဖြစ်အောင် ခိုးကြတာမဟုတ်ပါဘူး။ ဆေးပေါင်းခတဲ့အချိန် နက္ခတ်စုံတဲ့ညမှာ ဆေးအုပ်တဲ့ ထိုးကွင်းအစွမ်း ထက်/မထက် စမ်းသပ်ရင်း ကုသိုလ်အဖြစ်လုပ်ကြတာပါ။

သူခိုးကြီးညကို တလွဲအယူတွေနဲ့ အကုသိုလ်ဖြစ်အောင်၊ သူတပါး စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်မိဖို့ ရည်ရွယ်ပြီး ရေးသား မျှဝေလိုက်ပါတယ်။

ညိုစမ့်က စာတွေရှာဖတ်ပြီး သိထားလေးကို ပြောပြတာပါ။ လိုတာရှိရင် ဖြည့်စွက်နိုင် အကြံပေးနိုင်ပါတယ်နော်။

နောက်လာမယ့်အရေးအသားတွေကိုလည်း ဝေဖန်ပေးကြပါလို့ မေတ္တာရှေ့ထား တောင်းဆိုလိုက်ရပါတယ်ရှင် .... 🙏🙏🙏

ညိုစိမ့်
နိုဝင်ဘာလ (၁၆)ရက် ၊ ၂၀၂၄ခုနှစ်

#ကျီးမနိုးပွဲ
#သူခိုးကြီးည

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image
46 w - Translate

Calm and Peaceful room🩷

image