45 w - Translate

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်တွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ ပါဝင်ဆွေးနွေး

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တီမောလက်စ်တေ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ (၁၈) ရက်မှ (၂၀) ရက်အထိ hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ SEANF ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များနှင့် အတွေ့အကြုံများ မျှဝေခြင်း”ခေါင်းစဉ်ဖြင့် နိုဝင်ဘာ(၂ဝ) ရက်က ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ဆွေးနွေးခဲ့သည်။

၎င်း အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များက Online Platform မှ တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲဝင်များ ဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များက In person တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image
45 w - Translate

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်တွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ ပါဝင်ဆွေးနွေး

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တီမောလက်စ်တေ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ (၁၈) ရက်မှ (၂၀) ရက်အထိ hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ SEANF ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များနှင့် အတွေ့အကြုံများ မျှဝေခြင်း”ခေါင်းစဉ်ဖြင့် နိုဝင်ဘာ(၂ဝ) ရက်က ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ဆွေးနွေးခဲ့သည်။

၎င်း အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များက Online Platform မှ တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲဝင်များ ဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များက In person တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image
45 w - Translate

ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာတို့လို ကမ္ဘာကျော်တွေကို ခေါ်ယူပြီးတော့ လိဂ်ကို တောင့်တင်းအောင် လုပ်ထားတဲ့ ဆော်ဒီကို အင်ဒိုနီးရှားတို့ အနိုင်ယူပြလိုက်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂-၀ နဲ့ အနိုင်ယူလိုက်တာပါ။ ဆော်ဒီကွင်းမှာတုန်းကလည်း သရေကစားနိုင်ခဲ့တဲ့ အင်ဒိုက အိမ်ကွင်းမှတော့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

သွေးနှောကစားသမားတွေကို ရွေးချယ်ပြီးနောက်ပိုင်းမှာ အင်ဒိုနီးရှားရဲ့ လက်ရွေးစင်အသင်းအနေအထားက အများကြီးပြောင်းလဲသွားတယ်။ မာကျောလွန်းပြီး အာဆီယံရဲ့ အကောင်းဆုံးအသင်းဖြစ်လာနေပြီလို့တောင် ဆိုရမယ်။ ဆော်ဒီလိုအသင်းကို ပေးဂိုးမရှိအောင် ကစားပြီး အနိုင်ယူခဲ့တာပါ။

အိမ်ကွင်းမှာ ပရိသတ်တွေကလည်း အင်တိုက်အားတိုက်အားပေးခဲ့ကြတာပါ။ ဒီပုံစံအတိုင်းဆိုရင် အင်ဒိုနီးရှားတို့ လာမယ့် ဆူဇူကီးဖလားပွဲမှာ ဖလားသိမ်းတော့မလားပဲ။ ဗီယက်နမ်နဲ့ထိုင်းတို့ထက်တောင် အင်ဒိုကစားပုံကို ပိုကြိုက်တယ်။ု

image
45 w - Translate

- First day of relationship 😁

image

ကော့သောင်းမြို့မဈေးကြီးအနောက်ဘက် ဆန်ဆိုင် အပေါ်ထပ်မီးလေါင်ကျွမ်း မှုဖြစ်ပွား

နိုဝင်ဘာ ၂၁   
   
ယနေ့နံနက်ပိုင်းအချိန်ကကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊အမှတ်(၅၃၇/၅၃၈)ရှိ ဦးအေးဝင်း(၆၃) နှစ်၏ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်: URC (၂)ထပ် "Big Boss” အမည်ရှိ ကုန်စုံဆိုင်တွင် အင်ဗာတာဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့၍ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးမျိုးသူရဝင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် RC(၂)ထပ် Big Boss အမည်ရှိ ကုန်စုံဆိုင် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ခန့်မှန်းမီးလောင်ဆုံးရှုံးမှု တန်ဖိုးမှာကျပ် (၅,၄၀၀,၀၀ဝိ/)ခန့် ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ပျက်စီးဆုံးရှုံးစေခဲ့သူ ဦးအေးဝင်းအား  ဥပဒေအရ အရေးယူပေးနိုင်ပါရန် ဒုရဲအုပ် မြတ်မင်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၂၄ နို ၂၀ ၁၉၁၅ အချိန် မမစ(ကော့သောင်း) (ပ)၁၈၁/၂၀၂၄၊ ရာဇသတ် ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ပြီး စစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။

Credit - MMG News

#သတင်းဟင်းလေးအိုးကြီး

image
image
image

ဟာလန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မန်စီးတီးကြိုးပမ်း

နိုဝင်ဘာ ၂၁

မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် တိုက်စစ်မှူး ဟာလန်းကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နည်းပြ ဂွာဒီယိုလာကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဖို့ သဘောတူညီမှုရခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ်သက်တမ်းထပ်တိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။

အဲဒါကြောင့် ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှာ ၂၀၂၇ ခုနှစ်နွေရာသီအထိ ဆက်ပြီးရှိနိုင်တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ တစ်နှစ်ကို ပေါင်သန်း ၂၀ ရရှိနေတဲ့ ဟာလန်းကို အသင်းမှာဆက်ထိန်းသိမ်းဖို့ အာရုံစိုက်လာခဲ့ပြီး သူ့ရဲ့စာချုပ်က ၂ နှစ်ခွဲ ကျန်ရှိနေသေးတာပါ။

The Sun က မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းကို နောက်ထပ် ၅ နှစ်အထိအသင်းမှာဆက်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီစာချုပ်သစ်သာချုပ်ခဲ့ရင် ဟာလန်းဟာ အပိုဆုကြေးတွေ မပါဝင်ဘဲ စုစုပေါင်း ပေါင်သန်း ၁၀၀ ပက်ကေ့ချ်ကို ရရှိမှာပါ။

ဟာလန်းဟာ နော်ဝေအသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေ ပါဝင်နေချိန်မှာ နည်းပြဂွာဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ နည်းပြဟာ သူ့အတွက် အလွန်အရေးပါတဲ့သူဖြစ်တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

အဲ့ဒါကြောင့် မန်စီးတီးအသင်း တာဝန်ရှိသူတွေက ဟာလန်းဟာ နည်းပြဂွာဒီယိုလာရဲ့ ဦးဆောင်မှုအနောက်ကို ဆက်ပြီးလိုက်နိုင်ဖို့ မျှော်လင့်နေတာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ ဟာလန်းကို ခေါ်ယူဖို့ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ကစိတ်ဝင်စားနေတာဖြစ်ပြီး မန်စီးတီးအသင်းက ဒီစိတ်ဝင်စားမှုတွေကို ပယ်ချဖို့ ရှိနေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ၁၁၄ ပွဲပါဝင်ကစားထားပြီး ၁၀၅ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၆ ခုရရှိထားတာပါ။

ဟာလန်းဟာ ဒီရာသီမှာလည်း မန်စီးတီးအသင်းအတွက် ၁၆ ပွဲပါဝင်ကစားထားတာမှာ ၁၅ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

Sourceailymail

ပုံ - ဟာလန်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image

သက်သက်လွတ် ကြာဇံကြော်
- - - - - - - - - - - - - - - - - - - -
ကြာဇံ
မုန်လာဥနီ
ဟင်းနုနွယ်ရွက်
ဆား
ပဲငံပြာရည်အကြည်

- - - - - - - - - - - - - - - - -

ကြာဇံများအား မိနစ် ၂၀ ခန့် ရေစိမ်ထားပါ။
မုန်လာဥနီများအား အရှည်လိုက်အနေအထား ပါးပါးလှီးပြီး ၊ ဟင်းနုနွယ်ရွက်များအား သင်ထားပါ။

ဒယ်အိုးတစ်ခုအတွင်းတွင် ကြက်သွန်ဖြူအား ဆီသတ်ပြီး မုန်လာဥနီ ထည့်ပါ။ မုန်လာဥနီနူးပြီဆိုပါက ဟင်းနုနွယ်ရွက်ထည့်ပါ။ ကြာဇံထည့်ပါ။ ပဲငံပြာရည်အကြည် + ဆား ထည့်ပါ။ရေအနည်းငယ်ထည့်ပြီး ကြာဇံနူးအိသည်အထိ တည်ပါ။

image

ယူကရိန်းအကြွေး ဒေါ်လာ ၄.၇ ဘီလျံကို ဘိုင်ဒန်အစိုးရ လျှော်ပစ်မည်

နိုဝင်ဘာ ၂၁၊ နိုင်ငံတကာ။

ယူကရိန်းက ချေးယူထားတဲ့ ချေးငွေ ဒေါ်လာ ၄.၇ ဘီလျံကို ဂျိုးဘိုင်ဒန်အစိုးရက လျှော်ပစ်လိုက်မှာ ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမီလာက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြား လိုက်ပါတယ်။

ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ပေးနေတဲ့အကူအညီတွေကို မြှင့်တင်ဖို့အတွက် မ ကြာခင်အနားယူတော့မယ့် ဘိုင်ဒန်အစိုးရဟာ အိမ်ဖြူတော်ကမထွက်ခွာခင်မှာ ယူကရိန်းနိုင်ငံအတွက် ၎င်းတို့ လုပ်နိုင်သမျှ လုပ်ဆောင်သွားတာဖြစ်ပါတယ်။

ဧပြီလအတွင်း အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ရန်ပုံငွေဥပဒေကြမ်းထဲမှာ ယူကရိန်းအစိုးရအ တွက် စီးပွားရေးနဲ့ ဘတ်ဂျက်ထောက်ပံ့မှုအတွက် လျှော်ပေးနိုင်တဲ့ချေးငွေ ဒေါ်လာ ၉.၄ ဘီလျံပါဝင်ပြီး အဲဒီအ ထဲက တစ်ဝက် (ဒေါ်လာ ၄.၇ ဘီလျံ) ကို နိုဝင်ဘာ ၁၅ ရက်နေ့နောက်ပိုင်းမှာ သမ္မတက ပယ်ဖျက်နိုင်ပါတယ်။

“အဲဒီချေးငွေတွေကို လျှော်ပစ်ဖို့အတွက် ဥပေဒထဲမှာ ဖော်ပြထားတဲ့အဆင့်ကို မကြာသေးခင်ရက်ပိုင်းအတွင်း ကပဲ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီးပါပြီ။” လို့ မီလာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

အခု အစိုးရရဲ့ဆောင်ရွက်ချက်ကို ကွန်ဂရက်လွှတ်တော်က တားဆီးပိတ်ဆို့နိုင်တဲ့ အခွင့်အာဏာရှိနေဆဲဖြစ် ကြောင်း မီလာက ပြောပါတယ်။

ယူကရိန်းအတွက် အမေရိကန်အစိုးရက ကူညီနေတာကို မကြာခဏ ဝေဖန်ကန့်ကွက်နေတဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရန်းပေါလ်တစ်ပြထားတဲ့ ယူကရိန်းအတွက် အကြွေးတွေလျှော်ပစ် မယ့်ကိစ္စ ကန့် ကွက်တဲ့အဆိုကို နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာရှိတဲ့ ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်အများစုဟာ ယူကရိန်းအကူအညီကို ထောက်ခံတဲ့သူတွေဖြစ်ပါတယ်။

အကြိုသမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်အကူအညီတွေကို ကန့်သတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေထွက်ပေါ် နေတဲ့ကြားမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ အိမ်ဖြူတော်က မထွက်ခွာခင် ယူကရိန်းအတွက်အကူအညီတွေကို တတ်နိုင်သမျှ အများအပြား ထောက်ပံ့ပေးနိုင်အောင် တက်သုတ်ရိုက်ဆောင်ရွက်ကြဖို့ သမ္မတဂျိုးဘိုင်ဒန်က ၎င်းရဲ့အရာရှိတွေကိ ညွှန်ကြားထားပါတယ်။

Ref: Biden Administration Moves to Forgive $4.7 Billion of Loans to Ukraine

Credit - MI News

#သတင်းဟင်းလေးအိုးကြီး

image

ဝန်ကြီးဌာနများ မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ရန် နစကဒုဥက္ကဋ္ဌမှာကြား

နိုဝင်ဘာ ၂၁

သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက် အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း မလိုအပ် သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မူလခန့်မှန်းခြေရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၃၀၀၀ ကျော်ဖြစ်ကြောင်း၊ သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၃၉၀၀၀ ကျော် ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေကို ကြည့်မည်ဆိုပါက ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၃၅၀၀၀ ကျော်ဖြစ်ပြီး သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၄၀၀၀ ကျော်ဖြစ်ကြောင်း၊ ယခုတွက်ချက်ပြီးသည့် GDP မှာ ငွေကျပ်ဘီလီယံ ၁၅၅၅၄၃ ဒသမ ၅၃၄ ဖြစ်သည့်အတွက် မူလခန့်မှန်းခြေတွင် လိုငွေ၏ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ၏ GDP နှင့် လိုငွေအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း ပြောသည်။

ရငွေပိုင်းကို ကြည့်မည်ဆိုပါက ပြုပြင်ပြီး ခန့်မှန်းခြေ၏ ရငွေပိုင်းတွင် ငွေကျပ်ဘီလီယံပေါင်း ၄၀၇၀ ဒသမ ၃၆၄ ဘီလီယံ တိုးမြှင့်ရရှိနိုင်ရန် လျာထားခြင်းဖြစ်ကြောင်း၊ ရငွေတိုးမြှင့်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနများ မှလည်း နောင်ဘဏ္ဍာရေးနှစ်များတွင် ယခုထက် ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုံးငွေပိုင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှစ၍ နောက်ဆုံးဖြည့်စွက်ရန်ပုံငွေ တောင်းသည့် နိုဝင်ဘာလအထိ ၈ လ ဖြစ်ပြီး ၄ လ ကျန်ရှိသေးကြောင်း၊ အဆိုပါ ၈ လနှင့် ၄ လ တွင် အသုံးစရိတ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီး ၄ လခန့်ကို နှိုင်းယှဉ်ကြည့်ရာတွင် မူလခန့်မှန်းခြေတွင် ၈ လအတွင်း သုံးစွဲငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၃၉၀၀၀ ကျော်ဖြစ်ပြီး၊ ကျန်ရှိသည့် ၄ လ ကာလအတွင်း သုံးရန် လျာထား သည့် သုံးငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၄၁၀၀၀ ကျော်ဖြစ်သည်ကို တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ယခင်နှစ်တွင် ဝန်ကြီးဌာနများက မသုံးနိုင်သည့်ပိုလျှံငွေ များ ပြန်လည်အပ်နှံသည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့် ၄ လနှင့် ယခုဘဏ္ဍာနှစ် အတွင်း လုပ်ငန်းများပြီးစီးအောင် သုံးစွဲရမည့်အသုံးစရိတ်နှင့် လုပ်ငန်းပြီးစီးမှုအပေါ် စိစစ်ဆွေးနွေးပေးရန် ဖြစ်ကြောင်း၊ ထိုသို့ စိစစ်ရာမှ အသုံးစရိတ်များ ထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်းနောက်ဆက်တွဲလုပ်ငန်းများတွင် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ် သတ်မှတ်ထားသည့် မတ်လ ၁၅ ရက် မတိုင်မီ ပြီးစီးအောင် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

#centralnewsnaypyitaw

image
45 w - Translate

Miss World ပြိုင်ပွဲကြီးရဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု National Director တာဝန်ကို ကိုထူးအံ့လွင်မှ ဆောင်ရွက်သွားမည်ဟု သိရပါသည် 🥰

image