45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

image
45 w - Translate

Skirt Style 🤍✨

imageimage
+5
45 w - Translate

မူဆယ်မြို့ ဆင်ဖြူဂိတ် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်‌ဆောင်ခွင့် တရုတ်နိုင်ငံမှအထွက်ကိုသာ ပြန်လည်ခွင့်ပြုထားသည့်အတွက် အခက်ကြုံနေဆဲဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်အား နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံဘက်အခြမ်းမှ အထွက်ကိုသာ ခွင့်ပြုပြီး၊ မူဆယ်ဘက်မှအဝင်ကို ခွင့်မပြုခြင်းကြောင့် ဒေသခံကုန်သည်များအကြား အခက်ကြုံနေရကြောင်း သိရသည်။

" တရုတ်ဘက်ကနေ ဒီဘက်ကို လာမယ့်ကုန်ကားပေါင်း ငါးရာကျော်လောက်ရှိတယ်။ အခုတစ်ပိုင်တနိုင်ပြန်သွင်း လို့ရတယ်ဆိုတာကလည်း အထွက်ပဲ ခွင့်ပြုတာ အဝင်ကိုခွင့်မပြုတော့ ပစ္စည်းကဲ့ထုတ်ဖို့က အဆင်မပြေပြန်ဘူး။ (၁၉) ရက်က ပြန်ခွင့်ပြုတယ်ဆိုပေမယ့် တစ်ဦးစ နှစ်ဦးစလောက်ပဲ လုပ်ကြတာ။ အခြေအနေစောင့်ကြည့်နေကြတာ။ ဒီနေ့တော့ ဘယ်လိုလာမလည်း စောင့်ကြည့်ရမှာပဲ"ဟု ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ဘက်ခြမ်းမှ တစ်ပိုင်တနိုင် ကုန်စည်သယ်ဆောင်ခွင့်အတွက် ဆင်ဖြူဂိတ်တစ်ခုသာ ဖွင့်လှစ်ပေးထားပြီး ကုန်ကားကြီးများဖြင့် တင်သွင်းသည့် မန်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်ခြမ်းမှ အသီးအနှံနှင့် ကုန်စိမ်းတင်သွင်းကြသည့် အချို့သော ကုန်သည်များမှာ အခြေအနေကိုစောင့်ကြည့်နေကြပြီး၊ လက်ရှိတွင် ၎င်းတို့၏ ကုန်စိမ်းနှင့်အသီးအနှံများကို အအေးခန်းဂိုဒေါင်များတွင် နေ့တွက်ခပေး၍ သိုလှောင်ထားရှိကြရကြောင်း ဆိုသည်။

" အဝင်မပေးတော့ အဆင်မပြေဘူး။ ကိုယ့်ပစ္စည်း မဆုံးရှုံးအောင်လို့တော့ အအေးခန်းတွေမှာ ရက်နဲ့တွက်ပြီး ထားရတာပေါ့။ စရိတ်တွေ အရမ်းကြီးတယ်။ အခု မန့်ဝိန်းဂိတ်အဖွင့်ကိုပဲ စောင့်နေရတာပေါ့" ဟု နောက်ထပ် မူဆယ်ဒေသခံ ကုန်သည်တစ်ဉီးက ပြောသည်။

ယခု နိုဝင်ဘာ (၁၁) ရက်၌ မူဆယ်မြို့ရှိ လူအဝင်အထွက်သီးသန့်လုပ်သည့် နန်းတော်ဂိတ်မှလွဲ၍ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တစ်ပြိုင်တည်းပိတ်လိုက်သည့်အပြင် ခရီးသည်တင်ယာဉ်အပါအဝင် ဆိုင်ကယ် ၊ သုံးဘီး၊ လက်တွန်း လှည်း စသည့်ယာဉ်များဖြင့် တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ယူခွင့်များကိုပါ ပိတ်လိုက်သည့်အတွက် ဒေသတွင်း စက်သုံးဆီအပါ အဝင် လူသုံးကုန်နှင့်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည်အထိ ဂယက်ရိုက်ခဲ့ရသည်။