ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်တဲ့အမိန့်ကိုလည်း သမ္မတ ထရမ့် လက်မှတ်ထိုး
ဇန်နဝါရီ ၂၁
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်တော့ကို နိုင်ငံထဲမှာ ဥပဒေနဲ့တားမြစ်တဲ့အမိန့်ကို ယာယီဆိုင်းငံ့တဲ့အမိန့်ကိုလည်း လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။
တစ်တော့ကို အလုံးစုံ ပြန်လည်အသုံးပြုခွင့် ပေး မပေးဆိုတာကတော့ ‘’ရရှိတဲ့သဘောတူညီချက်’’ အပေါ် မူတည်တယ်လို့ မစ္စတာ ထရမ့်ကပြောပါတယ်။
တစ်တော့ဟာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့တဲ့ မစ္စတာ ထရမ့် အနေနဲ့ တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်ဖို့ ဘာကြောင့် စိတ်ပြောင်းသွားလဲလို့ဆိုပြီး သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို သမ္မတက ပြန်ဖြေရင်း အခုလို ပြောလိုက်တာဖြစ်ပါတယ်။
‘’သဘောတူညီချက် တစ်ခုခုမရဘူးဆိုရင်တော့ ဒီအက်ပလီကေးရှင်းဟာ အသုံးဝင်စရာ မရှိဘူးလို့ လည်း ထရမ့်က ပြောပါတယ်။ တစ်တော့နဲ့ ပတ်သက်တဲ့သဘောတူညီချက်ဟာ ဒေါ်လာ တစ် ထရီလီယံ လောက်ရှိနိုင်ပြီး အမေရိကန်ဟာ တစ်ဝက်လောက်ပါဝင်သင့်တယ်လို့လည်း သူက ပြောပါတယ်။
တစ်တော့နဲ့ ပတ်သက်ပြီး ယာယီဆိုင်းငံ့မိန့်ကို သမ္မတက လက်မှတ်ထိုးလိုက်ပေမဲ့ ဘယ်လို အကြောင်းအရာအသေးစိတ်ပါတယ်ဆိုတယ်တော့ မပြောထားသေးပါဘူး။
ဘယ်လို အရေးယူတာတွေ လုပ်နိုင်ခြေရှိလဲလို့ သူ့ကို မေးတဲ့အခါမှာတော့ တစ်တော့ အနေနဲ့ ရောင်းရင်ရောင်း၊ မရောင်းရင် အပိတ်ခံရဖို့ လုပ်ပိုင်ခွင့် သူ့မှာရှိတယ်လို့ ပြန်ပြောထားပါတယ်။
#သတင်းဟင်းလေးအိုးကြီး



သရက်သီးအညာချက်လေး
သရက်သီးအနေတော်လေးတွေကိုအညှာဖြတ်ပြီးတချက်ထုပါ ပြီးရင်ရေစိမ်ထားပါတယ်
တချို့လူတွေတော့အကုန်ထည့်လုံးချက်တတ်ကြပါတယ် မျှင်ငပိနဲ့ပဲချက်ကြတာပါ
ကိုယ်ကတော့ ဆီထည့်ဆီကျက်ရင်ကြက်သွန်ဖြူနီဆီသတ်ဆနွင်းအနဲငယ်ထည့်
နွမ်းရင်ငြုပ်သီးလေးစိတ်ကွဲရယ်အရောင်တင်မှုန့်ရယ်အနဲငယ်စီထည့်ပါမျှင်ငပိထည့်ပါတယ်ပုစွန်ခြောက်ထောင်းထည့်ပါတယ် ငံပြာရည်နဲနဲထည့်ပါ ပြီးမှသရက်သီးထည့်ပါတယ်သရက်သီးနူးအောင်ရေမြှုပ်အောင်ထည့်ပြီးအဖုံးအုပ်ထားပါသရက်သီးလဲနူးအိဆီပြန်ရင်ငြုပ်သီးစိမ်းလေးထည့်ပြီးရပါပြီ ...
(စိုင်သီးနဲ့ပန်းတောင်းသရက်သီးနဲ့ချက်တာပါ)
ပထမဦးဆုံးစမ်းချက်ကြည့်တာပါ အိမ်ဦးနတ်ကတော့ကြိုက်ပါတယ်ကိုယ်လဲကြိုက်တယ်
သမီးငယ်ကတော့မကြိုက်ပါ ...
ခရမ်းချဉ်သီးထည့်ဖို့မေ့သွားပါတယ် ...အညာချက်ဆိုတော့ခရမ်းချဉ်သီးသုံးကြတယ်လေ
Credit Khaing Khaing myint