ကလောမြို့အလှ

image

ကလောမြို့အလှ

image

ကလောမြို့အလှ

image

ကလောမြို့အလှ

imageimage
+5
1 y - Translate

လှေကားမပါတဲ့ နာမည်ကျော် ငါးထပ်အဆောက်အအုံ
ငါးထပ်အဆောက်အအုံက လှေကားမပါဘူးဆိုတော့ ဘယ်လိုအပေါ်ကိုတက်မလဲ ၊ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။
ဒီအဆောက်အအုံရဲ့အမည်ကတော့ Hawa Mahal ဖြစ်ပြီး "လေပြတင်းများရဲ့နန်းတော်" Palace of Winds လို့ လူသိများတဲ့ အဆောက်အအုံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ Jaipur မြို့မှာတည်ရှိနေပြီး အထပ်ငါးထပ်ရှိကာ အံ့မခန်းဗိသုကာလက်ရာ တခုလည်းဖြစ်ပါတယ်။
ဒီနန်းတော် အဆောက်အအုံကို ၁၇၉၉ ခုနှစ်မှာ Maharaja Sawai Pratap Singh က တည်ဆောက်ခဲ့တာဖြစ်ပြီး ဗိသုကာပညာရှင်ကတော့ lal chand ustad ဖြစ်ပါတယ်။
Lord Krishna ရဲ့ သရဖူပုံစံအတိုင်း ဒီဇိုင်းရေးဆွဲခဲ့တယ်လို့ ဆိုတဲ့ဒီအဆောက်အအုံကို အနီရောင်နဲ့ ပန်းရောင် သဲကျောက်တွေနဲ့ တည်ဆောက်ထားပြီး၊ ရေးချယ်ထွင်းထုထားတဲ့ ပြတင်းပေါက် ၉၅၃ ခုပါရှိကာ၊ အဲဒီပြတင်းပေါက်တွေကနေ အေးမြတဲ့လေတွေ စီးဆင်းနိုင်တာကြောင့် Rajasthan ရဲ့ ပူပြင်းတဲ့နွေရာသီမှာ အပန်းဖြေဖို့ အကောင်းဆုံးနေရာတခုလည်း ဖြစ်ပါတယ်။
ပျားသလက်ပုံစံ တည်ဆောက်ထားတဲ့ ဒီအဆောက်အအုံကို နန်းတွင်းသူ အမျိုးသမီးများအနေနဲ့ (အဲဒီအချိန်က purdah စနစ်အရ)သူတို့ကို အပြင်ကမမြင်နိုင်ဘဲ လမ်းပေါ်က ပွဲလမ်းသဘင်တွေကို ကြည့်ရှုနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက Hawa Mahal မှာ အပေါ်ထပ်တွေကို တက်ဖို့ ရိုးရိုးလှေကားတွေ မပါဝင်တာဖြစ်ပါတယ်။
လှေကားတွေအစား အထပ်တွေကို ဆက်သွယ်ထားတဲ့ (တဖြည်းဖြည်းမြင့်တက်သွားတဲ့) ဆင်ခြေလျော လျှောက်လမ်းတွေကိုသာ အသုံးပြုထားတာကြောင့် လမ်းလျှောက်သွားလာရ ပိုလွယ်ကူပါတယ်။
ဒီဒီဇိုင်းရွေးချယ်မှုက အဲဒီခေတ်က သေချာစဉ်းစားပြီး စီမံကိန်းချထားတာကို ပြသနေပြီး သွားရလွယ်ကူမှုနဲ့ ခမ်းနားသပ်ရပ်မှု နှစ်ခုလုံးကို ဖော်ဆောင်ထားတာလည်းဖြစ်ပါတယ်။
ဒီနန်းတော်ဟာ Jaipur မြို့ရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို သင်္ကေတပြုနေပြီး အိန္ဒိယနိုင်ငံရဲ့ အထင်ကရ အမှတ်အသားတစ်ခုအဖြစ် ကမ္ဘာတဝှမ်းက ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။

image

ငါတောင်ကြွေတယ်?

အလုပ်မရှိရင်လည်း ပျင်းတယ်
အလုပ်ရှိလာရင်လည်း
မလုပ်ချင်ဘူး ပျင်းတယ်...)

image
1 y - Translate

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။
သင်ကြိုးစားနေတာလား
ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။
သင် ကျရူံးနေလား
ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကွတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။
ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။
သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။
သင် အောင်မြင်နေပြီလား
ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။
ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောင်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ
သင်ဘယ်တော့မှ မမေ့ပါနဲ့။

image
1 y - Translate

မမေ့နဲ့
ပေးနိုင်တာ ပေးလို့
ကျွေးနိုင်တာကို ကျွေးပြီး
ကူညီနိုင်တာ ကူညီလိုက်မယ်။
ဒါပေမယ့်
လူတွေရဲ့ အကြောင်းကို
ကောင်းကောင်း သိလာတော့...
လူတိုင်းကို
ရင်ဘတ်ကြီးနဲ့ မပေါင်းဖြစ်တော့ဘူး။
လူတစ်ချို့ဟာ
လိုတာ ရပြီးလို့.
အကြိုက်ကို မလိုက်နိုင်တော့တဲ့ အခါ
ရင်ဘတ်ကြီးနဲ့ ရင်းပြီး
ပေါင်းသင်းမိတဲ့ ကိုယ့်ရင်ကိုပဲ
နာကျင်စေတာ များလာလို့ပါ။
တစ်ဖြည်းဖြည်း
သိသိလာမိတာက
အကြိုက်တွေ
ပေးနေပေမယ့် စရိုက်တွေ
မတူရင် ပေါင်းလို့မရနိုင်ဘူး ဆိုတာရယ်
လောကမှာ
လူတွေ အများကြီး ရှိပေမယ့်
ရင်ဘတ်ချင်း တူသူက
အနည်းစုပဲ ရှိနိုင်တယ် ဆိုတာရယ်ပါ။
#ဆရာအောင်သင်းစာပေ

image

ကားပျံ ပါတဲ့ EV ကား