1 y - Translate

လွန်ခဲ့တဲ့ ၅ နှစ်က ဒီလိုနေ့မျိုးမှာ မန်စီးတီးက လက်စတာကို အနိုင်ယူပြီး အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပါတယ်။ အနိုင်ရဖို့အတွက် ဂိုးလိုနေတဲ့ မန်စီးတီးက ဖိကစားနေခဲ့ပြီး အသင်းခေါင်းဆောင် နောက်ခံလူ ဗင်းဆင့်ကွန်ပနီက တိုက်စစ်အထိ လိုက်လာခဲ့ပါတယ်။

ဧရိယာအပြင်ဘက်မှာ သူ ဘောလုံးရချိန် ဂိုးထဲတိုက်ရိုက်ကန်ထည့်ဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အဂူရိုက "ဗီနီ၊ ဗီနီ၊ မကန်နဲ့" လို့ တားခဲ့ပါတယ်။ ဂိုးဝင်ဖို့မသေချာတာမို့ သေချာအောင်လုပ်ဖို့အတွက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကွန်ပနီရဲ့ ကစ်အပြင်းစားကြီးက ဂိုးထဲကို တန်းနေအောင်ကို ဝင်ခဲ့ပါတယ်။

အဂူရိုအော်ပြောတာ နောက်ကျသွားခဲ့တဲ့အပြင်ကိုမှ ဂိုးပါရခဲ့တာပါ။ ကွန်ပနီရဲ့ ကစားသမားဘ၀မှာ အမှတ်အရဆုံးဖြစ်နေမယ့် ဂိုးတွေထဲက တဂိုးပါပဲ။

image