1 y - Translate

ထူးခြားတာကတော့ ခေတ်နဲ့အညီ AI ပါတာအပြင် quad curved display ဆိုတာပါလာတာပဲ ဒါ့အပြင် reno12 ၊ reno12 Pro နှစ်မျိုးစလုံးမှာ 6.7-inch OLED display ၊ 120Hz refresh rate ကလဲ တူတူပဲသုံးပေးထားတယ် အကြမ်းပိုခံတယ်ဆိုတဲ့ Display လို့လဲပြောတယ်

OPPO ဘက်က ဘာကြောင့် ဒီလို အကြမ်းခံတဲ့ဖုန်းလို့ပြောလဲဆိုရင် Gorilla Glass ကိုသုံးပေးထားတဲ့အပြင် reno11 Series နဲ့ တည်ဆောက်မှုပိုင်းက လုံးဝ ကွာသွားတာကြောင့်ပဲ ကြားထဲက ကိုယ်ထည်ကို die-cast aluminium alloy ကိုသုံးပေးထားတယ် IP65 Rating လဲဖြစ်သေးတယ်

ဆက်ရရင် Battery ပိုင်းကို OPPO ကတော့ ရှယ်အာမခံတာပဲ 80W Fast Charging စနစ်ကိုသုံးပေးထားပြီးတော့ ပါဝင်တဲ့ 5000 mAh Battery က Cycle Count 1000 ရှိရင်တောင်မှ 95% Battery Capacity ကျန်မယ်တဲ့

ဒါက စျေးကြီးလှပါတယ်ဆိုတဲ့ iPhone တွေတောင် Cycle Count 1000 မှာ 80% Battery Capacity ကျန်မယ်ဆိုပြီးပဲ အာမခံနိုင်တာပါ Battery Tech မှာ OPPO ရှေ့ပိုရောက်နေသလား ကြည့်ရတော့မယ်

reno12 နဲ့ 12 Pro သိသိသာသာကွာသွားတာ Camera နဲ့ Chipset ပဲ

reno12 က Dimensity 8250 နဲ့
ကင်မရာပိုင်းကိုက 50MP (Sony LYT60 + 50MP Telephoto + 8MP Ultra Wide ကိုသုံးပေးထားတယ်
reno12 Pro က Dimensity 9200+ နဲ့
ကင်မရာပိုင်းကို 50MP (Sony IMX89 + 50MP Telephoto + 8MP Ultra Wide ကိုသုံးပေးထားတယ်

ကွာတယ်ပြောတာတောင်မှ 50MP Selfie ပါတာချင်းက တူနေသေးတယ်

AI ပါလာတဲ့ဖုန်းတွေလို့လဲဆိုထားသေးတယ် ခေတ်စားနေတဲ့ Transcript ၊ Summarize တွေရမယ် ပုံရိုက်ရင် မျက်လုံးအနေအထားကို မှိတ်နေတာမျိုးဆိုရင် ပြင်ပေးနိုင်တာ ၊ Background တွေဖျက်တာ ၊ Document Scanner က သချာ်တွက်ပေးနိုင်တာ အပြင် Xiaobu Assistant လဲပါသေးတယ်
လို့ဆိုထားပါတယ်...

image