1 y - Translate

Samsung ရဲ့ Galaxy Book တွေက Global မှာတော့ မဆိုးဘူး မြန်မာမှာတော့ လူသိနည်းတယ်ပြောရမယ် Samsung က မသွင်းတာလဲပါတာပေါ့

CoPilot + PC တွေထဲမှာ ပထမဆုံးအသုတ်မှာတင် Galaxy Book4 Edge ပါလာတော့ Samsung လဲ ခေသူတော့မဟုတ်ဘူးပဲ

CoPilot + PCs တွေဆိုတာက Microsoft က နောက်ဆုံး မိတ်ဆက်သွားတဲ့ ARM Processor သုံးထားတဲ့ Laptop တွေပါ

AI နဲ့သက်ဆိုင်တဲ့ CoPilot Feature တွေ တပြုံကြီးပါတာအပြင် Galaxy Book4 Edge မှာကတော့ Samsung ရဲ့ Galaxy AI စနစ်အပြင် Knox Security တွေထပ်ပါတာကတော့ တခြား Laptop တွေထက် ပိုသာနေတဲ့ အချက်လို့ပဲပြောရတော့မလားပဲ

ပိုမိုက်တာက CoPilot + PC ဖြစ်နေတာကြောင့် Specs ပိုင်းမှာ Minimum RAM 16GB ကနေစမှာပါ Galaxy Book4 Edge က Storage ပိုင်းကျတော့ 512 GB က စသွားတယ်

Display ပိုင်းကတော့ Round Corner က လေးဘက်စလုံးမှာဖြစ်ပြီးတော့ Quality ကတော့ Samsung ပီပီပဲ Dynamic AMOELD 2x Display ကို 120Hz Refresh Rate နဲ့ သုံးထားတယ် Touch လဲရတဲ့အပြင် Anti Reflective Cover Glass လဲဖြစ်သေးတယ်

Specs ပိုင်းကတော့ Snapdragon X Elite ကိုသုံးပေးထားတယ် စျေးက $1349 ကနေစမယ် Specs ပိုမြင့်တဲ့ Model က $1749 ပဲ Size က 14-inch / 16-inch တွေရမယ် Battery Life ကလဲ 22-hrs အထိ ပြောထားတယ် ဆိုပေမဲ့ တကယ့် real-life မှာဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူး

Laptop စျေးကိုတစ်ချက်ပြန်ချိန်ရရင်

Galaxy S24 Ultra စျေးနဲ့တောင် သိပ်မတိမ်းမယိမ်းပဲ နောက်ပြီး 16/512GB က Based ဖြစ်နေတာ OLED Display ပါတာတွေကလဲ စျေးတန်းအရဆို ရင်တော့ မဆိုးဘူးပဲ

ပိုပြီးထပ်ယှဉ်ပြရရင်
MacBook Air M3 13-inch ကို 16/512 GB Configured ရင် $1499 ဖြစ်သွားပြီ OLED Display / Touch / 120Hz Refresh Rate တွေတော့ ပါလာမှာမဟုတ်ဘူးပေါ့

ARM Era မှာ Samsung ကလဲ နောက်ကျ မကျန်ပဲ အမှီလိုက်နိုင်နေတာတော့ချီးကျူးရမယ်

Local ကို သာ Galaxy Book တွေ Official ဝင်လာရင်တော့ရှယ်ပဲပေါ့ဗျာ

နိုင်ငံခြားမှာတော့ Galaxy Book4 Edge ဝယ်ရင် လက်မ 50 Crystal UHD TV လက်ဆောင်ပေးတယ် တန်ဖိုးက $380 လောက်ရှိသတဲ့

image