13 w - Translate

လူငယ်တဦး၊ လူလတ်တဦးနဲ့ လူကြီးတဦးကို တွဲဖက်ပေးထားတဲ့ ဘာကာတိုက်စစ်က ထက်မြက်လွန်းတယ်။ ပြိုင်ပွဲစုံ ဂိုး ၁၅၄ ဂိုးအထိ ရထားပြီး ဘယ်အသင်းလာလာ သူတို့ကချေမှုန်းဖို့ရာ အသင့်ဖြစ်နေတယ်။ ဒေါ့မွန်ကို ၄ဂိုးသွင်းပြီး ၃ ယောက်စလုံးက ဂိုးရခဲ့တယ်။ လီဝန်က ၂ဂိုးသွင်းခဲ့တာပါ။ အသင်းဟောင်းဒေါ့မွန်ကို ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခြင်းပါပဲ။
ဖလား ၃လုံးလမ်းကြောင်းပေါ်မှာ အခိုင်အမာဆက်ရှိနေပြီး ဟန်ဆီဖလစ်ရဲ့အသင်းဟာ တိုက်စစ်ပိုင်းအား အရမ်းကောင်းလွန်းနေပါတယ်။ အသက်အရွယ်ကွာဟလွန်းတဲ့ ကစားသမားတွေကို တွဲဖက်ပေးထားတာက ထင်မှတ်မထားအောင် အောင်မြင်နေပြီး MSN နောက်ပိုင်း အကောင်းဆုံးတိုက်စစ်အတွဲပါပဲ။
လက်ရှိခြေစွမ်းအတိုင်းဆို ဘာစီလိုနာအတွက် မှုစရာမရှိပါဘူး။ ဂဂျိုးဂကြောင်တွေမဖြစ်ရင်ကို ဖလား ၃လုံး ရယူနိုင်မယ့် အနေအထားမျိုးပါ။ ဟန်ဆီဖလစ်ရဲ့ ပထမဆုံးရာသီမှာ ဒါကိုလုပ်နိုင်ခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်း အရမ်းအားကောင်းခဲ့တာက အဓိကကျတဲ့နေရာက ပါဝင်တယ်လို့ ပြောရပါလိမ့်မယ်။

image
//