35 w - Translate

အလွတ်နဲ့ရမယ့် ဒီဘရိုင်းကို အင်တာမိုင်ယာမီတို့ ခေါ်ယူနိုင်ဖို့‌ ခြေလှမ်းပြင်လိုက်ပါပြီ။ ခေါ်ယူနိုင်မယ့် လမ်းကြောင်း၊ အခွင့်အရေးတွေကို ရှာဖွေနေပြီဖြစ်ပြီး မက်ဆီနဲ့ တွဲကစားရမယ်ဆိုတဲ့ အချက်ကို အခွင့်အရေးအဖြစ် အသုံးချသွားမယ်လို့လည်း သတင်းတွေမှာ ဖော်ပြလာပါတယ်။
တဖက်မှာ ဒီဘရိုင်းကို ဆော်ဒီနဲ့ ကာတာကလပ်တွေက ငွေပုံပေးပြီးခေါ်ဖို့ရာ အသင့်ဖြစ်နေပါတယ်။ သူ့ကို ဒီရာသီအစကတည်းက ဆော်ဒီကလပ်တွေ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားက ငြင်းဆန်ခဲ့တာပါ။ အခု သူ့အတွက် အသင်းသစ်ရှာရတော့မယ့် အခြေအနေမှာ ဒီဘရိုင်းအတွက် ဆော်ဒီကလည်း ရွေးချယ်စရာတခု ဖြစ်လာပါလိမ့်မယ်။
အင်တာမိုင်ယာမီအတွက်တော့ ဆော်ဒီကလပ်တွေလို ငွေသုံးနိုင်မှာမဟုတ်ပေမယ့် ကစားသမားရသင့်ရထိုက်တဲ့ အနေအထားမျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အမေရိကမှာဆိုတော့ ကစားသမားနဲ့ သူ့မိသားစုအတွက် ပိုအဆင်ပြေတဲ့ Life တခုဖြစ်လာနိုင်တဲ့ အားသာချက်လည်းရှိနေပါတယ်။ ဒီဘရိုင်း ဘာကိုရွေးမလဲဆိုတာပဲ ကြည့်ရပါမယ်။

image
Like