28 ပတ် - ဘာသာပြန်ပါ။

ငလျင်ဘေးသင့် မြန်မာကို Starlink စက်တွေ ပို့ပေးမယ်လို့ အီလွန်မတ်စ်ပြော
SpaceX သူဌေး အီလွန်မတ်စ်က ငလျင်ဒဏ်ခံရတဲ့ မြန်မာနဲ့ထိုင်းကို Starlink kits တွေ ပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ပြောပါတယ်။
အစိုးရတွေက ခွင့်ပြုမိန့်ပေးတာနဲ့ ဆက်သွယ်ရေးနဲ့ ကယ်ဆယ်ရေးပိုင်းကို ထောက်ပံ့ဖို့ Starlink စက်တွေ ချပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း Starlink ရဲ့ X မှာ မတ်လ ၂၈ ရက်နေ့က ကြေညာထားပါတယ်။
SpaceX အာကာသလုပ်ငန်းအောက်မှာ ရှိတဲ့ Starlink ဟာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပြီး လက်ရှိအချိန်အထိ ကမ္ဘာအနိမ့်ပတ်လမ်း LEO ထဲမှာ ဂြိုလ်ပေါင်း ၇၀၀၀ ကျော်လွှင့်တင်ပြီး ကမ္ဘာကို အင်တာနက်ပေးနေတာပါ။
ကမ္ဘာ့နိုင်ငံဒေသ ၁၂၀ ကျော်ကို ဂြိုလ်တုအင်တာနက်ပေးနေတဲ့ Starlink ဝန်ဆောင်မှုဟာ မကြာသေးခင်ကပဲ ဗီယက်နမ်မှာ ကနဦး trial ဝန်ဆောင်မှုပေးခွင့် ရထားပါတယ်။

image
ကြိုက်တယ်။